Sunday, 28 June 2009

"မိမိထက် အသက်ငယ်သော မိန်းမယူပါက ယောက်ျားများ အသက်ရှည်စေနိုင်"

ဂျာမနီ တက္ကသိုလ် ရဲ့ လေ့လာမှု တစ်ရပ်အရ အမျိုသားတွေ အနေနဲ့ မိမိထက် အသက် ၇ နှစ် - ၉ နှစ်ငယ်တဲ့ မိန်းမကို လက်ထပ်ထားရင် အရွယ်မတိုင်ခင် သေဆုံးနိုင်တဲ့ အန္တရာယ်ကို ၁၁ ရာခိုင်နှုန်း လျော့နည်းစေကြောင်း ၊ အမျိုးသားတွေရဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်တဲ့ အန္တရာယ်စာ သူ့ထက် ၁၅ - ၁၇ နှစ် ပိုငယ်တဲ့
ဇနီးရှိနေပါက ၂၀ ရာခိုင်နှုန်း လျော့နည်းတတ်ကြောင်း ဆိုပါတယ် ။ ဒါဟာ အ၇ွယ်ငယ်တဲ့ မိန်းမတွေဟာ ခင်ပွန်းသည်ကို ကောင်းမွန်စွာ ပြုစုတာကြောင့် အသက်
ရှည်ရှည် နေရတာ ဖြစ်နိုင်ကြောင်း ယင်းတက္ကသိုလ်က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ် ။ ဒါပေမဲ့ အမျိုးသမီးတွေ အတွက်တော့ ငယ်ရွယ်တဲ့သူ ဒါမှမဟုတ်
ဦးဦး အရွယ်ရှိသူတွေကို လက်ထပ်တဲ့ အတွက် တူညီတဲ့ ကောင်းကျို မရနိုင်ပါဘူးလို့ လေ့လာမှုက ဆိုပါတယ် ။ အသက် ၇ - ၉ နှစ် ငယ်တဲ့ ဒါမှမဟုတ် ကြီးတဲ့ ခင်ပွန်း ရှိသူ အမျိုးသမီးတွေမှာ တော့ စောစောစီးစီး အသက်သေဆုံးနိုင်တဲ့ အန္တရာယ်ဟာ ၂၀ ရာခိုင်နှုန်း မြင့်တက်နေပါတယ်တဲ့ ။ ဒီလေ့လာမှု ရလာဒ်ဟာ ၁၉၉၀ နဲ့
၂၀၀၅ ခုနှစ်ကြား သေဆုံးသူတွေကို စစ်တမ်းကောက်ခဲ့ရာက ရရှိခဲ့တာ ဖြစ်ပါတယ် ။

No comments:

Post a Comment

0 comments:

Post a Comment