Sunday, 28 June 2009

"ကွန်ပျူတာကီးဘုတ်များ"

ကွန်ပျူတာကီးဘုတ်များကိုတော့ ဒီခေတ်မှာ ရှောင်ကြဉ်ဖို့ အတော်ခက်ပါတယ်။ ကီးဘုတ်ကိုင်ပြီးရင် လက်ဆေးပါ။ လက်ဆေးပြီးမှ အစာစားပါ။ ဘာဖြစ်လို့လဲဆိုတော့ မဂ္ဂဇင်းတိုက်တခုရှိ ကီးဘုတ် ၃၃ ခု အားပိုး ရှိ၊ မရှိ ဝါဂွမ်းလေးဖြင့် အသာသုတ်ပြီး စစ်ဆေးစမ်းသပ်ခဲ့ရာ ကီးဘုတ် ၄ ခုမှာ ရောဂါဖြစ်စေနိုင်လောက်တဲ့ ပိုးများတွေ့ရှိလာခဲ့ရပါတယ်။ ကီးဘုတ်တခု ပိုးများကတော့ အိမ်သာထိုင်ခုံမှာ တွေ့ရတဲ့ ပိုးတွေထက်တောင် ၅ ဆ ပိုညစ်ပတ်ပါသတဲ့။ ဗက်တီးရီးယားပိုးအတွက် သတ်မှတ်ချက်ထက် အဆပေါင်း ၁၅ဝ လောက်တောင် ပိုးမွှားတွေတွယ်ကပ်နေကြောင်း တွေ့ခဲ့ရလို့ပါပဲ။

No comments:

Post a Comment

0 comments:

Post a Comment