Sunday, 28 June 2009

"ကြက်ဥစားအားရှိသတဲ့"

ကြက်ဥ၊ ဘဲဥတွေမှာပါတဲ့ အရည်အသွေး အဆင့်မြင့် ပရိုတိန်းဓာတ်ဟာ ကြွက်သားတွေရဲ့ စွမ်းအား၊ အင်အားဓာတ်နဲ့ အားရှိတယ်ဆိုတဲ့ ခံစားရမှုတို့အတွက် အရေးပါတဲ့အရာ ဖြစ်နေပါတယ်လို့ ပရိုတိန်း အမျိုးအစားပေါင်း ၂၅ မျိုးကျော်ကို လေ့လာသုတေသနပြုခဲ့တဲ့ အမေရိကန် သုတေသီအဖွဲ့က ဆိုလိုက်ပါတယ်။ ကြက်ဥတလုံးဟာ လူတယောက်နေ့စဉ်လိုအပ်တဲ့ အရည်အသွေးမြင့် ပရိုတိန်းပမာဏရဲ့ ၁၃ ရာခိုင်နှုန်းကို ထောက်ပံပေးနိုင်ကြောင်း၊ အရည်အသွေးမြင့် ပရိုတိန်းဓာတ်ဟာ ကြွက်သားထုထည် စွမ်းအားထိန်းပေးရာမှာလည်းကောင်း၊ အသက်ကြီးတဲ့သူတွေမှာ ကြွက်သားများ ပိန်ကျုံလှီမသွားဖို့ ကာကွယ်ပေးရာမှာလည်းကောင်း အထောက်အကူပေးတဲ့ ပရိုတိန်းဓာတ်ဖြစ်ပါတယ်လို့ ဒီသုတေသနရဲ့ ခေါင်းဆောင် အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ် တက္ကသိုလ်မှ ဒေါ်လ်နယ်ကေလေးမင်းက ယူပီအိုင်သတင်းဌာနကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားအများစုဟာ စားတဲ့ အစားအသောက်ကနေ အခြားသော ပရိုတိန်း ( အသားဓာတ် ) လုံလုံလောက်လောက်ရရှိနေတာမို့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဆင့်မြင့် ပရိုတိန်းဓာတ်ကိုပဲ အဓိထား ဂရိုတစိုက်စားသောက်ဖို့သာ လိုကြောင်းသူက ဆက်လက်ပြောဆိုခဲ့ပါတယ်။ ကြက်ဥမှရတဲ့ အဆင့်မြင့် ပရိုတိန်းဓာတ်ဟာ ကြွက်သားတွေရဲ့ စွမ်းရည်ကို ထိန်းသိမ်းပေးခြင်းဖြင့် လူကို အားရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကြက်ဥက ရတဲ့ ပရိုတိန်းဓာတ်ဟာ သွေးထဲရှိ သကြား ( အချိုဓာတ် ) ပမာဏကိုလည်း မတက်စေ၊ အင်ဆူလင် ဟော်မုန်းကိုလည်း မတက်စေကြောင်း သိရပါတယ်။

No comments:

Post a Comment

0 comments:

Post a Comment