Sunday, 28 June 2009

"ဂေါ်ဖီထုပ်ကိုပုံမှန်စားသုံးပေးပါလျှင်"

ဂေါ်ဖီထုပ်ကိုပုံမှန်စားသုံးပေးပါလျှင် အစာအိမ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း ဂျပန်သုတေသန ပညာရှင်များက ပြောကြားပါတယ်။ ဂေါ်ဖီထုပ်တွင်ပါသောဓာတ်များက အစာအိမ်နှင့်အူလမ်းကြောင်းတို့တွင် ဖြစ်ပွားတတ်သည့်အနာများကို ပျောက်ကင်းစေတတ်ကြောင်း၊ ထို့အပြင် အစာအိမ်နှင့်အူလမ်းကြောင်းတို့တွင်ဖြစ်ပွားနိုင်သော ကင်ဆာဆဲလ်များကို ဖျက်းပေးနိုင်ကြောင်း လည်းကောင်းတို့ကပြောကြားပါတယ်။ဂေါ်ဖီထုပ်တွင်ပါဝင်သော ဓာတ်များက ခန္ဓာကိုယ်တွင်းရှိ အောက်ဆီဂျင်ရက်ဒီကယ်များ ပျက်စီးမှုကို ကာကွယ်ပေးနိုင်သလို မျိုးဗီဇဆဲလ်များမပျက်စီးအောင်လည်း ထိန်းသိန်းပေး နိုင်ကြောင်းသိရသည်။ ဂေါ်ဖီထုပ်ကို ၁နေ့လျှင်နှစ်အောင်စခန့် စားသုံးပေးပါက အစာအိမ် ရောဂါဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေကြောင်း၊ ဂေါ်ဖီထုပ်ကိုနေ့စဉ် အနည်းငယ်စားသုံးပေးပါက အသားအရေစိုပြည်ကာ အစာအိမ်ကင်ဆာ မဖြစ်ပွားနိုင်အောင် ကာကွယ်ပေးနိုင်ကြောင်းသိရသည်။

No comments:

Post a Comment

0 comments:

Post a Comment