"ဘက်ဟမ်းဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူ"
ဒေးဗစ်ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်းသိရသည်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်တွင် သားသုံးဦးနှင့်အတူ နေထိုင်လျက်ရှိသော ဘက်ဟမ်းတို့ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာအား နှစ်နှစ်ကာကာယုံကြည်ပြီး ယခုအခါ နံနက်တိုင်းတွင် ဘုရားဝတ်ပြုကာ အလွန်အလုပ်ရှုပ်ပြီး ဗာဟီရကိစ္စများပြားသော ၎င်းတို့၏ လူနေမှုဘ၀တွင် အေးချမ်းမှုရရှိအောင် ဆုတောင်းလျက်ရှိကြသည်။ အတွင်းသတင်းတစ်ခု၏ အဆိုအရ ကယ်လီဖိုးနီးယား ယဉ်ကျေးမှုနှင့် လုံးဝအသားကျနေပြီဖြစ်သော ဘက်ဟမ်းမောင်နှံမှာ ယခင်က ဘက်ဟမ်းဒူးဒဏ်ရာခံစားခဲ့ရစဉ်က ဝေဒနာမှသက်သာစေရန် ယောဂကျင့်စဉ်အား လေ့လာလိုက်စားခဲ့ပြီးနောက်ပိုင်း စိတ်ကိုတည်ငြိမ်အေးချမ်းစေသည့် ဗုဒ္ဓ၏လမ်းစဉ်များကို လက်ခံယုံကြည်ပြီး ကိုးကွယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဘက်ဟမ်းတို့မောင်နှံမှာ မနက်တိုင်း (၅)မိနစ်မျှ ဘုရားဝတ်ပြုကြပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း၊ ပညာဥာဏ်နှင့် ပြည့်ဝပါစေကြောင်း စသဖြင့် တောင်းဆုပြုနေကြသည်ဟုဆိုသည်။ ထို့အပြင် ဗစ်တိုးရီးယားဘက်ဟမ်းက အစာစားရာတွင် သတိနှင့်ခြုံငုံဆင်ခြင်ပြီး တရားအမှတ်နှင့် စားသောက်သည့် အကျင့်မျိုးကို သူမ၏ကျန်းမာရေးအတွက် အလေ့အကျင့်ပြုလုပ်သွားမည်ဟု ၀န်ခံသွားသည်။ ဗြိတိန်နိုင်ငံထုတ် Look မဂ္ဂဇင်းကြီးတွင် ရေးသားဖော်ပြထားချက်အရ
အသက်(၃၄)နှစ်အရွယ် Spice Girls အဖွဲ့ဝင်ဟောင်းသည် မဟာဗောဓိ စာအုပ်ဆိုင်မှ တရားအမှတ်နှင့် စားသောက်မှုပုံစံအကြောင်း ရေးသားထားသည့် စာအုပ်တစ်အုပ်ကို ဒေါ်လာရာဂဏန်းမျှနှင့် ၀ယ်ယူလေ့လာနေကြောင်း သိရသည်။ ထို့အပြင် ဘက်ဟမ်းမောင်နှံမှာ ဗုဒ္ဓလမ်းစဉ်များကို ပိုမိုသိရှိနားလည်နိုင်စေရန် တရုတ်ရိုးရာ ဖန်ရှူး ဓမ္မဆရာများထံ နည်းယူဆည်းကပ်သွားမည်ဟု ဆိုသည်။ ၎င်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်း၏အဆိုအရ ဘက်ဟမ်းတို့မှာ ဖန်ရှူး ဓမ္မလမ်းစဉ်များကို ကျင့်သုံးခြင်းဖြင့် ဒေးဗစ်ဘက်ဟမ်းအနေဖြင့် ဘောလုံးကွင်းအတွင်း ပိုမိုအောင်မြင်မှုရရှိမည်ဖြစ်သလို လူနေမှုဘ၀တွင်လည်း ပျော်ရွှင်ချမ်မြေ့မှု သုခကိုခံစားရမည်ဟု ယုံကြည်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာတွေ ခေတ်မှီတာလား ... ဘာသာရေးကို မထီမဲ့မြင်လုပ်နေတာလား???? ခင်ဗျားတို့ ကြားဖူးပြီးသား ဖြစ်ကြမှာပါ။
တစ်ခါက အလွန့်အလွန် နာမည်ကြီးတဲ့ ကျမ်းပြု ဆရာတော် တစ်ပါးက တရားဟောရင်း စကားတစ်ခွန်း ထည့်ပြော သွားပါတယ်။
“မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အဖရိကနိုင်ငံတွေနဲ့ သူမသာ ကိုယ်မသာဖြစ်မှာပဲ” ဆိုတဲ့ စကားလေ။
ဒါကိုတော့ ခင်ဗျားတို့ သေချာပေါက်ကြားဖူးတယ်။ ရဲလေးနဲ့ ကြက်ဖတို့ဆိုထားတဲ့သီချင်းကို တရားလုပ်ဆိုထားတာ။
ဂန္ထ၀င်ရည်းစာစာ ဆိုပြီး ထွက်လာပြန်ပါရော။ဆိုတဲ့သူကလည်း မကြောက်။ နားထောင်တဲ့သူကလည်း မကြောက်။ ကျွန်တော်တို့ ဘုရားရှင်က
သိက္ခာပုဒ်တွေကို ပညတ်ခဲ့ရာမှာ လောကအပြစ်နဲ့ မလွတ်တဲ့ အပြစ်တွေကိုလည်း သိက္ခာပုဒ်အနေနဲ့ သတ်မှတ်ခဲ့ ပါတယ်။ ဒါတွေဟာ ဒီလိုလုပ်တာဟာ လောကအပြစ်ပါ။ ဘာသာခြားတွေ ဟားတိုက်စရာ။ လှောင်ပြောင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ
ကိုယ့်ဘာသာတရားကို ကပျက်ကချော်လုပ်ရဲတယ်။ ဒီဘာသာဟာ နဂိုရ်ကတည်းက ဘာမှအဓိပ္ပါယ်မရှိ ဖွဲ့စည်းထားတဲ့ ဘာသာဖြစ်မှာပါပဲလို့ ထင်မြင်သွားစရာဖြစ်ပါတယ်။ အဲဒီသီချင်းတွေက တရားဝင်ဖြန့်တာ မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ဒါပေမယ့် တရားဝင်ထွက်လာတဲ့ ခွေက မေတ္တာပို့ ကိုဒီဂျေပွတ်တာပါ။ ရင်နာစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကသာ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီး လိုက်ကြပါပြီ။ မာတာပိတု အာစရိယ ဉာတိမိတ္တသမူဟာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု စတာတွကို ဒီဂျေပွတ်ပစ်တာပါ။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း။ ဆရာသည်လည်းကောင်း ၊ ဆွေမျိုးသည်လည်းကောင်း၊ မိတ်ဆွေသည်လည်းကောင်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဘေးရန်ကင်းပါစေ ဆိုတာကို ခင်ဗျားတို့ ကလို့ရတယ်ပေါ့။ ခပ်မှိန်မှိန်အပြာရောင်မီးအောက် မှာ မူးမူးရူးရူးတစ်ယောက်ကိုတစ်ယောက် လူမှန်းမသိအောင်မူးရင်း ဖက်နမ်းပြီး ကရဲကြတယ်ပေါ့။ အဲဒီသီချင်းကို အနုပညာ လို့ ခေါ်ရဲတယ်ပေါ့။ အဲဒီပညာတွေကို။ ခေတ်မီတယ်ပေါ့။ ဗုဒ္ဓဘာသာကို
ပြန်ဖျက်ဆီးကြတာ ပျော်စရာကောင်းတယ်ပေါ့။ မစိုးရိမ်ဆရာတော်ဘုရားကြီး ပြောလေ့ရှိတဲ့ စကားက “မင်းတို့က မတောက်တခေါက် အတွေးအခေါ်တွေနဲ့ ဖင်ခေါင်းက သိပ်ကျယ်ချင်ကြတာ” လို့ ကျွန်တော် ပြန်ပြောရင်တောင် ကျွန်တော်က
ယဉ်ကျေးပါသေးတယ်။ ခင်ဗျားတို့က မအေကိုင်တုတ်မှ ရိုင်းတယ်လို့ ထင်နေကြတာပေါ့။ မြန်မာနိုင်ငံက အနုပညာရှင်တွေ သူတို့ကိုသူတို့ အနုပညာရှင်လို့ ပြန်ခေါ်ရဲတာ အံ့တယ်။ သီချင်းတစ်ပုဒ်က “ဘုန်းကြီးဝတ်သွား” တဲ့။ ဟုတ်လား။ ဆိုစရာ ရှားနေရင် သူတောင်းစားလုပ်စားလို့ ရတယ်။ မြန်မာတွေ ထွင်ထားတဲ့ စကားပုံတစ်ပုံရှိတယ်။ “ထမင်းငတ်လို့ မသေပါဘူး” တဲ့။ အရေးထဲ မန္တလေးသင်္ကြန်မှာ ချစ်သုဝေက ပြောသွားသေးတယ်။ “ကိုယ်တော်တွေ ရရင် လိုက်ဆိုလို့ရတယ်” တဲ့။ စန္ဒီမြင့်လွင်က
“အများကြီးပဲ ကိုယ်တော်တွေ” တဲ့။ အများကြီးပဲ အဆိုတော်တွေ ပြောသွားတဲ့ စကားတွေ။ မြန်မာနိုင်ငံမှာ ရဟန်းပေါင်း ငါးသိန်းကျော်တယ်။ မဟုတ်တာလုပ်နေတဲ့ ကိုယ်တော်တွေ တစ်သောင်း မပြည့်ပါဘူး။ စာသင်နေတဲ့ စာချနေတဲ့ တရားထိုင်နေတဲ့ ကိုယ်တော်တွေကို လိုက်မကြည့်ဘဲ ပုထုဇန်သဘာဝအရ မရင့်ကျက်သေးတဲ့ ကိုယ်တော်တွေကို လိုက်ကြည့်ပြီး
အပြစ်ပြောချင်နေတယ်။ ဘုန်းကြီးဝတ်သွားဆိုတဲ့ စာသားကို မြန်မာ့ဂီတအစည်းအရုံးကလည်း ထုတ်ခွင့်ပေးတာ အံ့ပါတယ်။ ဆင်ပေါက်ထက် ဂျောက်ဂျက်ကမှ ယဉ်ကျေးပါသေးတယ်။ ဒီသီချင်းတွေကို ကျွန်တော့်ထက် ခင်ဗျားတို့ ပိုကြားဖူးမှာပါ။ အထက်ပါ ကျမ်းပြုဆရာတော်ဟာ အထက်ပါစကားကို ပြောသွားခဲ့တာ နှစ်ပေါင်း ငါးဆယ်ကျော်သွားပါပြီ။ ဆရာတော်ဘုရား သိပ်မှန်တယ်။ “မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အဖရိကနိုင်ငံနဲ့ သူမသာ ကိုယ်မသာဖြစ်နေမှာပဲ”
ဒီပို့စ် လေးကို ဖက်ပြီး ဘာသာတရားကို အရင်ကထက် ပိုပြီးကိုင်းရှိုင်းနိုင်သူတစ်ယောက် ဖြစ်လာလိမ်မယ်လို့ မျှော်လင့်ပါတယ်....
ပြက္ခဒိန်
ပို့(စ်)များ
-
▼
2009
(24)
-
▼
June
(24)
- "နို့တိုက်ခြင်း အားဖြင့် မိခင်များ နှလုံးရောဂါ ကင်...
- "သားသားလေးလား မီးမီးလေးလား"
- "မိမိထက် အသက်ငယ်သော မိန်းမယူပါက ယောက်ျားများ အသက်ရ...
- "ပဲပင်ပေါက်နဲ့ ကျန်းမာရေး"
- "နံနက်စာစားရင် ခန္ဓာကိုယ်လှလှလေးဖြစ်သတဲ့"
- "ငွေကြေးကုန်ကျနည်းတဲ့သွေးပေါင်ကျနည်း"
- "ဆေးလိပ်နှင့်မျက်နှာ"
- "သွေးတိုးသမားတွေ ဗီတာမင် စီ များများစားပါ"
- "ကွန်ပျူတာကီးဘုတ်များ"
- "ကော်ဖီနှင့်ကိုယ်ဝန်ဆောင်ပြဿနာ"
- "ကြက်ဥစားအားရှိသတဲ့"
- "ဝက်အူချောင်းက အူမကြီး ကင်ဆာဖြစ်နိုင်တယ်"
- "ဂေါ်ဖီထုပ်ကိုပုံမှန်စားသုံးပေးပါလျှင်"
- "အမျိုးသမီးများ နှင့် သွေးတိုးရောဂါ"
- "ငါးကို ပုံမှန်စားသုံးခြင်းဖြင့် ကျောက်ကပ်ရောဂါကိ...
- "စလင်းမ်ဖြစ်ချင်ရင် ရေနွေးကြမ်းသောက်"
- 'ပန်းသီးတစ်လုံးနေ့စဉ်စားလျင်"
- "စိတ်ပိုင်းဆိုင်ရာ ပြဿနာ ကင်းဝေး စေရေးအတွက်"
- "ပင်ပန်းနွမ်းနယ်မှုများ အလွယ်တကူ ပျောက်စေမည့် နည်းလ...
- "ခြေစွယ်ငုပ်ခြင်း အတွက် အိမ်တွင်းကုသမှု"
- "လက်ကိုင်ဖုန်း နဲ့ ကင်ဆာရောဂါ"
- "ထူးတဲ့ အာလူး"
- "ရောနှောမစားသင့်သည့် အစားအစာများ"
- "စွမ်းဆန်ထဲ ကြွက်ချေးရောသည်"
-
▼
June
(24)
Thursday, 25 June 2009
Subscribe to:
Post Comments (Atom)
"စွမ်းဆန်ထဲ ကြွက်ချေးရောသည်"
Thursday, 25 June 2009
"ဘက်ဟမ်းဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူ"
ဒေးဗစ်ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်းသိရသည်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်တွင် သားသုံးဦးနှင့်အတူ နေထိုင်လျက်ရှိသော ဘက်ဟမ်းတို့ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာအား နှစ်နှစ်ကာကာယုံကြည်ပြီး ယခုအခါ နံနက်တိုင်းတွင် ဘုရားဝတ်ပြုကာ အလွန်အလုပ်ရှုပ်ပြီး ဗာဟီရကိစ္စများပြားသော ၎င်းတို့၏ လူနေမှုဘ၀တွင် အေးချမ်းမှုရရှိအောင် ဆုတောင်းလျက်ရှိကြသည်။ အတွင်းသတင်းတစ်ခု၏ အဆိုအရ ကယ်လီဖိုးနီးယား ယဉ်ကျေးမှုနှင့် လုံးဝအသားကျနေပြီဖြစ်သော ဘက်ဟမ်းမောင်နှံမှာ ယခင်က ဘက်ဟမ်းဒူးဒဏ်ရာခံစားခဲ့ရစဉ်က ဝေဒနာမှသက်သာစေရန် ယောဂကျင့်စဉ်အား လေ့လာလိုက်စားခဲ့ပြီးနောက်ပိုင်း စိတ်ကိုတည်ငြိမ်အေးချမ်းစေသည့် ဗုဒ္ဓ၏လမ်းစဉ်များကို လက်ခံယုံကြည်ပြီး ကိုးကွယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဘက်ဟမ်းတို့မောင်နှံမှာ မနက်တိုင်း (၅)မိနစ်မျှ ဘုရားဝတ်ပြုကြပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း၊ ပညာဥာဏ်နှင့် ပြည့်ဝပါစေကြောင်း စသဖြင့် တောင်းဆုပြုနေကြသည်ဟုဆိုသည်။ ထို့အပြင် ဗစ်တိုးရီးယားဘက်ဟမ်းက အစာစားရာတွင် သတိနှင့်ခြုံငုံဆင်ခြင်ပြီး တရားအမှတ်နှင့် စားသောက်သည့် အကျင့်မျိုးကို သူမ၏ကျန်းမာရေးအတွက် အလေ့အကျင့်ပြုလုပ်သွားမည်ဟု ၀န်ခံသွားသည်။ ဗြိတိန်နိုင်ငံထုတ် Look မဂ္ဂဇင်းကြီးတွင် ရေးသားဖော်ပြထားချက်အရ
အသက်(၃၄)နှစ်အရွယ် Spice Girls အဖွဲ့ဝင်ဟောင်းသည် မဟာဗောဓိ စာအုပ်ဆိုင်မှ တရားအမှတ်နှင့် စားသောက်မှုပုံစံအကြောင်း ရေးသားထားသည့် စာအုပ်တစ်အုပ်ကို ဒေါ်လာရာဂဏန်းမျှနှင့် ၀ယ်ယူလေ့လာနေကြောင်း သိရသည်။ ထို့အပြင် ဘက်ဟမ်းမောင်နှံမှာ ဗုဒ္ဓလမ်းစဉ်များကို ပိုမိုသိရှိနားလည်နိုင်စေရန် တရုတ်ရိုးရာ ဖန်ရှူး ဓမ္မဆရာများထံ နည်းယူဆည်းကပ်သွားမည်ဟု ဆိုသည်။ ၎င်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်း၏အဆိုအရ ဘက်ဟမ်းတို့မှာ ဖန်ရှူး ဓမ္မလမ်းစဉ်များကို ကျင့်သုံးခြင်းဖြင့် ဒေးဗစ်ဘက်ဟမ်းအနေဖြင့် ဘောလုံးကွင်းအတွင်း ပိုမိုအောင်မြင်မှုရရှိမည်ဖြစ်သလို လူနေမှုဘ၀တွင်လည်း ပျော်ရွှင်ချမ်မြေ့မှု သုခကိုခံစားရမည်ဟု ယုံကြည်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာတွေ ခေတ်မှီတာလား ... ဘာသာရေးကို မထီမဲ့မြင်လုပ်နေတာလား???? ခင်ဗျားတို့ ကြားဖူးပြီးသား ဖြစ်ကြမှာပါ။
တစ်ခါက အလွန့်အလွန် နာမည်ကြီးတဲ့ ကျမ်းပြု ဆရာတော် တစ်ပါးက တရားဟောရင်း စကားတစ်ခွန်း ထည့်ပြော သွားပါတယ်။
“မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အဖရိကနိုင်ငံတွေနဲ့ သူမသာ ကိုယ်မသာဖြစ်မှာပဲ” ဆိုတဲ့ စကားလေ။
ဒါကိုတော့ ခင်ဗျားတို့ သေချာပေါက်ကြားဖူးတယ်။ ရဲလေးနဲ့ ကြက်ဖတို့ဆိုထားတဲ့သီချင်းကို တရားလုပ်ဆိုထားတာ။
ဂန္ထ၀င်ရည်းစာစာ ဆိုပြီး ထွက်လာပြန်ပါရော။ဆိုတဲ့သူကလည်း မကြောက်။ နားထောင်တဲ့သူကလည်း မကြောက်။ ကျွန်တော်တို့ ဘုရားရှင်က
သိက္ခာပုဒ်တွေကို ပညတ်ခဲ့ရာမှာ လောကအပြစ်နဲ့ မလွတ်တဲ့ အပြစ်တွေကိုလည်း သိက္ခာပုဒ်အနေနဲ့ သတ်မှတ်ခဲ့ ပါတယ်။ ဒါတွေဟာ ဒီလိုလုပ်တာဟာ လောကအပြစ်ပါ။ ဘာသာခြားတွေ ဟားတိုက်စရာ။ လှောင်ပြောင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ
ကိုယ့်ဘာသာတရားကို ကပျက်ကချော်လုပ်ရဲတယ်။ ဒီဘာသာဟာ နဂိုရ်ကတည်းက ဘာမှအဓိပ္ပါယ်မရှိ ဖွဲ့စည်းထားတဲ့ ဘာသာဖြစ်မှာပါပဲလို့ ထင်မြင်သွားစရာဖြစ်ပါတယ်။ အဲဒီသီချင်းတွေက တရားဝင်ဖြန့်တာ မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ဒါပေမယ့် တရားဝင်ထွက်လာတဲ့ ခွေက မေတ္တာပို့ ကိုဒီဂျေပွတ်တာပါ။ ရင်နာစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကသာ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီး လိုက်ကြပါပြီ။ မာတာပိတု အာစရိယ ဉာတိမိတ္တသမူဟာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု စတာတွကို ဒီဂျေပွတ်ပစ်တာပါ။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း။ ဆရာသည်လည်းကောင်း ၊ ဆွေမျိုးသည်လည်းကောင်း၊ မိတ်ဆွေသည်လည်းကောင်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဘေးရန်ကင်းပါစေ ဆိုတာကို ခင်ဗျားတို့ ကလို့ရတယ်ပေါ့။ ခပ်မှိန်မှိန်အပြာရောင်မီးအောက် မှာ မူးမူးရူးရူးတစ်ယောက်ကိုတစ်ယောက် လူမှန်းမသိအောင်မူးရင်း ဖက်နမ်းပြီး ကရဲကြတယ်ပေါ့။ အဲဒီသီချင်းကို အနုပညာ လို့ ခေါ်ရဲတယ်ပေါ့။ အဲဒီပညာတွေကို။ ခေတ်မီတယ်ပေါ့။ ဗုဒ္ဓဘာသာကို
ပြန်ဖျက်ဆီးကြတာ ပျော်စရာကောင်းတယ်ပေါ့။ မစိုးရိမ်ဆရာတော်ဘုရားကြီး ပြောလေ့ရှိတဲ့ စကားက “မင်းတို့က မတောက်တခေါက် အတွေးအခေါ်တွေနဲ့ ဖင်ခေါင်းက သိပ်ကျယ်ချင်ကြတာ” လို့ ကျွန်တော် ပြန်ပြောရင်တောင် ကျွန်တော်က
ယဉ်ကျေးပါသေးတယ်။ ခင်ဗျားတို့က မအေကိုင်တုတ်မှ ရိုင်းတယ်လို့ ထင်နေကြတာပေါ့။ မြန်မာနိုင်ငံက အနုပညာရှင်တွေ သူတို့ကိုသူတို့ အနုပညာရှင်လို့ ပြန်ခေါ်ရဲတာ အံ့တယ်။ သီချင်းတစ်ပုဒ်က “ဘုန်းကြီးဝတ်သွား” တဲ့။ ဟုတ်လား။ ဆိုစရာ ရှားနေရင် သူတောင်းစားလုပ်စားလို့ ရတယ်။ မြန်မာတွေ ထွင်ထားတဲ့ စကားပုံတစ်ပုံရှိတယ်။ “ထမင်းငတ်လို့ မသေပါဘူး” တဲ့။ အရေးထဲ မန္တလေးသင်္ကြန်မှာ ချစ်သုဝေက ပြောသွားသေးတယ်။ “ကိုယ်တော်တွေ ရရင် လိုက်ဆိုလို့ရတယ်” တဲ့။ စန္ဒီမြင့်လွင်က
“အများကြီးပဲ ကိုယ်တော်တွေ” တဲ့။ အများကြီးပဲ အဆိုတော်တွေ ပြောသွားတဲ့ စကားတွေ။ မြန်မာနိုင်ငံမှာ ရဟန်းပေါင်း ငါးသိန်းကျော်တယ်။ မဟုတ်တာလုပ်နေတဲ့ ကိုယ်တော်တွေ တစ်သောင်း မပြည့်ပါဘူး။ စာသင်နေတဲ့ စာချနေတဲ့ တရားထိုင်နေတဲ့ ကိုယ်တော်တွေကို လိုက်မကြည့်ဘဲ ပုထုဇန်သဘာဝအရ မရင့်ကျက်သေးတဲ့ ကိုယ်တော်တွေကို လိုက်ကြည့်ပြီး
အပြစ်ပြောချင်နေတယ်။ ဘုန်းကြီးဝတ်သွားဆိုတဲ့ စာသားကို မြန်မာ့ဂီတအစည်းအရုံးကလည်း ထုတ်ခွင့်ပေးတာ အံ့ပါတယ်။ ဆင်ပေါက်ထက် ဂျောက်ဂျက်ကမှ ယဉ်ကျေးပါသေးတယ်။ ဒီသီချင်းတွေကို ကျွန်တော့်ထက် ခင်ဗျားတို့ ပိုကြားဖူးမှာပါ။ အထက်ပါ ကျမ်းပြုဆရာတော်ဟာ အထက်ပါစကားကို ပြောသွားခဲ့တာ နှစ်ပေါင်း ငါးဆယ်ကျော်သွားပါပြီ။ ဆရာတော်ဘုရား သိပ်မှန်တယ်။ “မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အဖရိကနိုင်ငံနဲ့ သူမသာ ကိုယ်မသာဖြစ်နေမှာပဲ”
ဒီပို့စ် လေးကို ဖက်ပြီး ဘာသာတရားကို အရင်ကထက် ပိုပြီးကိုင်းရှိုင်းနိုင်သူတစ်ယောက် ဖြစ်လာလိမ်မယ်လို့ မျှော်လင့်ပါတယ်....
ဒေးဗစ်ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်းသိရသည်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်တွင် သားသုံးဦးနှင့်အတူ နေထိုင်လျက်ရှိသော ဘက်ဟမ်းတို့ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာအား နှစ်နှစ်ကာကာယုံကြည်ပြီး ယခုအခါ နံနက်တိုင်းတွင် ဘုရားဝတ်ပြုကာ အလွန်အလုပ်ရှုပ်ပြီး ဗာဟီရကိစ္စများပြားသော ၎င်းတို့၏ လူနေမှုဘ၀တွင် အေးချမ်းမှုရရှိအောင် ဆုတောင်းလျက်ရှိကြသည်။ အတွင်းသတင်းတစ်ခု၏ အဆိုအရ ကယ်လီဖိုးနီးယား ယဉ်ကျေးမှုနှင့် လုံးဝအသားကျနေပြီဖြစ်သော ဘက်ဟမ်းမောင်နှံမှာ ယခင်က ဘက်ဟမ်းဒူးဒဏ်ရာခံစားခဲ့ရစဉ်က ဝေဒနာမှသက်သာစေရန် ယောဂကျင့်စဉ်အား လေ့လာလိုက်စားခဲ့ပြီးနောက်ပိုင်း စိတ်ကိုတည်ငြိမ်အေးချမ်းစေသည့် ဗုဒ္ဓ၏လမ်းစဉ်များကို လက်ခံယုံကြည်ပြီး ကိုးကွယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဘက်ဟမ်းတို့မောင်နှံမှာ မနက်တိုင်း (၅)မိနစ်မျှ ဘုရားဝတ်ပြုကြပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း၊ ပညာဥာဏ်နှင့် ပြည့်ဝပါစေကြောင်း စသဖြင့် တောင်းဆုပြုနေကြသည်ဟုဆိုသည်။ ထို့အပြင် ဗစ်တိုးရီးယားဘက်ဟမ်းက အစာစားရာတွင် သတိနှင့်ခြုံငုံဆင်ခြင်ပြီး တရားအမှတ်နှင့် စားသောက်သည့် အကျင့်မျိုးကို သူမ၏ကျန်းမာရေးအတွက် အလေ့အကျင့်ပြုလုပ်သွားမည်ဟု ၀န်ခံသွားသည်။ ဗြိတိန်နိုင်ငံထုတ် Look မဂ္ဂဇင်းကြီးတွင် ရေးသားဖော်ပြထားချက်အရ
အသက်(၃၄)နှစ်အရွယ် Spice Girls အဖွဲ့ဝင်ဟောင်းသည် မဟာဗောဓိ စာအုပ်ဆိုင်မှ တရားအမှတ်နှင့် စားသောက်မှုပုံစံအကြောင်း ရေးသားထားသည့် စာအုပ်တစ်အုပ်ကို ဒေါ်လာရာဂဏန်းမျှနှင့် ၀ယ်ယူလေ့လာနေကြောင်း သိရသည်။ ထို့အပြင် ဘက်ဟမ်းမောင်နှံမှာ ဗုဒ္ဓလမ်းစဉ်များကို ပိုမိုသိရှိနားလည်နိုင်စေရန် တရုတ်ရိုးရာ ဖန်ရှူး ဓမ္မဆရာများထံ နည်းယူဆည်းကပ်သွားမည်ဟု ဆိုသည်။ ၎င်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်း၏အဆိုအရ ဘက်ဟမ်းတို့မှာ ဖန်ရှူး ဓမ္မလမ်းစဉ်များကို ကျင့်သုံးခြင်းဖြင့် ဒေးဗစ်ဘက်ဟမ်းအနေဖြင့် ဘောလုံးကွင်းအတွင်း ပိုမိုအောင်မြင်မှုရရှိမည်ဖြစ်သလို လူနေမှုဘ၀တွင်လည်း ပျော်ရွှင်ချမ်မြေ့မှု သုခကိုခံစားရမည်ဟု ယုံကြည်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာတွေ ခေတ်မှီတာလား ... ဘာသာရေးကို မထီမဲ့မြင်လုပ်နေတာလား???? ခင်ဗျားတို့ ကြားဖူးပြီးသား ဖြစ်ကြမှာပါ။
တစ်ခါက အလွန့်အလွန် နာမည်ကြီးတဲ့ ကျမ်းပြု ဆရာတော် တစ်ပါးက တရားဟောရင်း စကားတစ်ခွန်း ထည့်ပြော သွားပါတယ်။
“မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အဖရိကနိုင်ငံတွေနဲ့ သူမသာ ကိုယ်မသာဖြစ်မှာပဲ” ဆိုတဲ့ စကားလေ။
ဒါကိုတော့ ခင်ဗျားတို့ သေချာပေါက်ကြားဖူးတယ်။ ရဲလေးနဲ့ ကြက်ဖတို့ဆိုထားတဲ့သီချင်းကို တရားလုပ်ဆိုထားတာ။
ဂန္ထ၀င်ရည်းစာစာ ဆိုပြီး ထွက်လာပြန်ပါရော။ဆိုတဲ့သူကလည်း မကြောက်။ နားထောင်တဲ့သူကလည်း မကြောက်။ ကျွန်တော်တို့ ဘုရားရှင်က
သိက္ခာပုဒ်တွေကို ပညတ်ခဲ့ရာမှာ လောကအပြစ်နဲ့ မလွတ်တဲ့ အပြစ်တွေကိုလည်း သိက္ခာပုဒ်အနေနဲ့ သတ်မှတ်ခဲ့ ပါတယ်။ ဒါတွေဟာ ဒီလိုလုပ်တာဟာ လောကအပြစ်ပါ။ ဘာသာခြားတွေ ဟားတိုက်စရာ။ လှောင်ပြောင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ
ကိုယ့်ဘာသာတရားကို ကပျက်ကချော်လုပ်ရဲတယ်။ ဒီဘာသာဟာ နဂိုရ်ကတည်းက ဘာမှအဓိပ္ပါယ်မရှိ ဖွဲ့စည်းထားတဲ့ ဘာသာဖြစ်မှာပါပဲလို့ ထင်မြင်သွားစရာဖြစ်ပါတယ်။ အဲဒီသီချင်းတွေက တရားဝင်ဖြန့်တာ မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ဒါပေမယ့် တရားဝင်ထွက်လာတဲ့ ခွေက မေတ္တာပို့ ကိုဒီဂျေပွတ်တာပါ။ ရင်နာစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကသာ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီး လိုက်ကြပါပြီ။ မာတာပိတု အာစရိယ ဉာတိမိတ္တသမူဟာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု စတာတွကို ဒီဂျေပွတ်ပစ်တာပါ။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း။ ဆရာသည်လည်းကောင်း ၊ ဆွေမျိုးသည်လည်းကောင်း၊ မိတ်ဆွေသည်လည်းကောင်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဘေးရန်ကင်းပါစေ ဆိုတာကို ခင်ဗျားတို့ ကလို့ရတယ်ပေါ့။ ခပ်မှိန်မှိန်အပြာရောင်မီးအောက် မှာ မူးမူးရူးရူးတစ်ယောက်ကိုတစ်ယောက် လူမှန်းမသိအောင်မူးရင်း ဖက်နမ်းပြီး ကရဲကြတယ်ပေါ့။ အဲဒီသီချင်းကို အနုပညာ လို့ ခေါ်ရဲတယ်ပေါ့။ အဲဒီပညာတွေကို။ ခေတ်မီတယ်ပေါ့။ ဗုဒ္ဓဘာသာကို
ပြန်ဖျက်ဆီးကြတာ ပျော်စရာကောင်းတယ်ပေါ့။ မစိုးရိမ်ဆရာတော်ဘုရားကြီး ပြောလေ့ရှိတဲ့ စကားက “မင်းတို့က မတောက်တခေါက် အတွေးအခေါ်တွေနဲ့ ဖင်ခေါင်းက သိပ်ကျယ်ချင်ကြတာ” လို့ ကျွန်တော် ပြန်ပြောရင်တောင် ကျွန်တော်က
ယဉ်ကျေးပါသေးတယ်။ ခင်ဗျားတို့က မအေကိုင်တုတ်မှ ရိုင်းတယ်လို့ ထင်နေကြတာပေါ့။ မြန်မာနိုင်ငံက အနုပညာရှင်တွေ သူတို့ကိုသူတို့ အနုပညာရှင်လို့ ပြန်ခေါ်ရဲတာ အံ့တယ်။ သီချင်းတစ်ပုဒ်က “ဘုန်းကြီးဝတ်သွား” တဲ့။ ဟုတ်လား။ ဆိုစရာ ရှားနေရင် သူတောင်းစားလုပ်စားလို့ ရတယ်။ မြန်မာတွေ ထွင်ထားတဲ့ စကားပုံတစ်ပုံရှိတယ်။ “ထမင်းငတ်လို့ မသေပါဘူး” တဲ့။ အရေးထဲ မန္တလေးသင်္ကြန်မှာ ချစ်သုဝေက ပြောသွားသေးတယ်။ “ကိုယ်တော်တွေ ရရင် လိုက်ဆိုလို့ရတယ်” တဲ့။ စန္ဒီမြင့်လွင်က
“အများကြီးပဲ ကိုယ်တော်တွေ” တဲ့။ အများကြီးပဲ အဆိုတော်တွေ ပြောသွားတဲ့ စကားတွေ။ မြန်မာနိုင်ငံမှာ ရဟန်းပေါင်း ငါးသိန်းကျော်တယ်။ မဟုတ်တာလုပ်နေတဲ့ ကိုယ်တော်တွေ တစ်သောင်း မပြည့်ပါဘူး။ စာသင်နေတဲ့ စာချနေတဲ့ တရားထိုင်နေတဲ့ ကိုယ်တော်တွေကို လိုက်မကြည့်ဘဲ ပုထုဇန်သဘာဝအရ မရင့်ကျက်သေးတဲ့ ကိုယ်တော်တွေကို လိုက်ကြည့်ပြီး
အပြစ်ပြောချင်နေတယ်။ ဘုန်းကြီးဝတ်သွားဆိုတဲ့ စာသားကို မြန်မာ့ဂီတအစည်းအရုံးကလည်း ထုတ်ခွင့်ပေးတာ အံ့ပါတယ်။ ဆင်ပေါက်ထက် ဂျောက်ဂျက်ကမှ ယဉ်ကျေးပါသေးတယ်။ ဒီသီချင်းတွေကို ကျွန်တော့်ထက် ခင်ဗျားတို့ ပိုကြားဖူးမှာပါ။ အထက်ပါ ကျမ်းပြုဆရာတော်ဟာ အထက်ပါစကားကို ပြောသွားခဲ့တာ နှစ်ပေါင်း ငါးဆယ်ကျော်သွားပါပြီ။ ဆရာတော်ဘုရား သိပ်မှန်တယ်။ “မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အဖရိကနိုင်ငံနဲ့ သူမသာ ကိုယ်မသာဖြစ်နေမှာပဲ”
ဒီပို့စ် လေးကို ဖက်ပြီး ဘာသာတရားကို အရင်ကထက် ပိုပြီးကိုင်းရှိုင်းနိုင်သူတစ်ယောက် ဖြစ်လာလိမ်မယ်လို့ မျှော်လင့်ပါတယ်....
Subscribe to:
Post Comments (Atom)
နာရီ
ချစ်သူသိရန်
ရွှေကျင်သားနှင့် ဧပရယ်ချစ်သူ စုံတွဲလေးသည် ၂၅.၅.၂၀၀၈ ရက်နေ့တွင် ချစ်သူ ဖြစ်ခဲကြသည်။ ယခုအချိန်တွင် ချစ်သူသက်တမ်း ၁ နှစ်ကျော်ခဲ့ပါပြီ။ ရွှေကျင်သားသည် သူ၏ ချစ်သူ ဧပရယ်ချစ်သူအား ဘယ်နေရာ ဘယ်အချိန် ဘယ်အချိန်တွေ ဘာတွေ လုပ်လုပ် သတိရနေသလို ဧပရယ်ချစ်သူမှာလည်း သူ၏ ချစ်သူ ရွှေကျင်သားအား အနားမှာမရှိရင် မနေတက်သလောက်ကို ချစ်နေခဲ့သည်။ ဧပရယ်ချစ်သူမှာ တစ်ခါတစ်ရံ ရွှေကျင်သား အပေါ်တွင် ကလေးလေး တစ်ယောက်လို ဆိုးတက်၍ ရွှေကျင်သား သည်လည်း ဧပရယ်ချစ်သူအပေါ် လူကြီးတစ်ယောက်လို ဆုံးမ၍ တစ်ခါတစ်ရန် ချစ်သူအား အနိုင်ယူတက်သည်။
No comments:
Post a Comment