Sunday, 28 June 2009

"ဝက်အူချောင်းက အူမကြီး ကင်ဆာဖြစ်နိုင်တယ်"

အူမကြီးကင်ဆာ မဖြစ်အောင် ဝက်အူချောင်းနဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အခြားအသားများကို ခက်ရင်းနဲ့ ကော်ကော်မစားပါနဲ့။ ကမ္ဘာ့ကင်ဆာသုတေသန ရန်ပုံငွေမှ ဧပြီလအစီရင်ခံစာအရ တနေ့လျှင် ဝက်အူချေင်း တချောင်းစားလိုက်တာနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ငါးပုံတပုံတက်လာစေပါတယ်။ ဝက်ပေါင်ခြောက် သုံးချောင်း သို့မဟုတ် ၅ဝ ဂရမ်အလေးချိန်ရှိ တာရှည်ခံ အသားတမျိုးမျိုးစားရင်လည်း အတူတူပဲ ဖြစ်ပါသတဲ့။ ဝက်ပေါင်ခြောက် သို့မဟုတ် အမဲခြောက် သို့မဟုတ် ကြပ်တင်ခြောက် အသား သို့မဟုတ် ငါးကြပ်တင်ခြောက်တွေအကြောင်း ပြောနေတယ်ဆိုရင် စိတ်ချစွာ စားသုံးရမယ့် ပမာဏကို သေသေချာချာ မသိပါဘူးလို့ ရန်ပုံငွေအသင်း ပါမောက္ခမာတင်ဝိုက်စ်မန်းက ပြောပြခဲ့ပါတယ်။

No comments:

Post a Comment

0 comments:

Post a Comment