Friday, 26 June 2009

'ပန်းသီးတစ်လုံးနေ့စဉ်စားလျင်"

တစ်နေ့ပန်းသီးတစ်လုံး ပုံမှန်စားသုံးသော အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း သိရှိရသည်။ သုတေသန ရလဒ်များအရ ပန်းသီးများများစားလေ၊ ရင်သားကင်ဆာ ဖြစ်ပွားစေသည့် adenocarcinomaအကြိတ်များ ပေါ်ပေါက်လာနိုင်မှု လျော့နည်းလေလေ ဖြစ်ကြောင်း ဆရာဝန်များကဆိုသည်။ အဆိုပါ အကြိတ်အမျိုးအစားကြောင့် ဖြစ်ပွားလာသော ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး ရင်သားကင်ဆာ အပြင်းစားကို ဖြစ်ပေါ်စေသည်။ ကော်နဲလ်တက္ကသိုလ်မှ ပါမောက္ခရီဟိုင်လျူက ကြွက်များနှင့် စမ်းသပ်မှုအရ ထိုအကြိတ်များသည် ပန်းသီးများများ စားပေးသည့် ကြွက်များတွင် လျင်မြန်စွာ သေးငယ်ကျုံလှီပြီး လုံးဝပျောက်ကွယ်သွားကြောင်း သိရှိရသည်။ အလားတူ အကျိုးသက်ရောက်မှုမှာ လူသားများတွင် (၅၇)ရာခိုင်နှုန်းမျှ ရှိနိုင်ကြောင်းလည်း ပါမောက္ခလျူကဆိုသည်။ ၎င်းတို့သည် ရင်သားကင်ဆာ ရောဂါသည်များစွာကို ပုံမှန်ပန်းသီးတစ်လုံးစီ နေ့စဉ်ကျွေးခဲ့ရာ နေ့စဉ်ပန်းသီးတစ်လုံး စားရမည့် ကိစ္စအား ငြင်းဆန်ခဲ့သည့် လူနာအမျိုးသမီးများသည် နေ့စဉ် ပန်းသီးစားသည့် အမျိုးသမီးများထက် ကင်ဆာကြိတ်များ ဖြစ်ပေါ်လာမှု (၈၁)ရာခိုင်နှုန်း ပိုမိုလျင်မြန်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။ အရည်ရွှမ်းသော သီးနှံတစ်ခုဖြစ်သည့် ပန်းသီးသည် ရင်သားကင်ဆာ ကုသရေးအတွက် အလွန်အကျိုးများကြောင်း နောက်ထပ်သက်သေများစွာ ရှိနေသေးသည်ဟုလည်း သုတေသီများက ထောက်ခံကြသေးသည်။ လေ့လာမှု ရလဒ်များအားလုံးတွင် သိရှိလာရသည်မှာ အရည်ရွှမ်းသည့် သီးနှံများ အားလုံးလိုလိုသည် ကင်ဆာကြိတ်များ ဖြစ်ပွားလာမှုကို တုန့်နှေးသွားစေသည်မှာ အသေအချာဖြစ်ပြီး ၎င်းတို့အနက် ပန်းသီးမှာ အသိသာဆုံး သဘာဝဆေးဝါးဖြစ်ကြောင်း ပါမောက္ခလျူက ရှင်းပြခဲ့သည်။ ရင်သားကင်ဆာ ရောဂါသည် အမျိုးသမီးများတွင်သာမက အမျိုးသားအချို့တွင်လည်း ဖြစ်ပွားတတ်ပြီး နှစ်စဉ် ကမ္ဘာ့လူဦးရေ (၁)သန်းခန့်သည် အဆိုပါရောဂါ ရရှိလာနေမှုနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

0 comments:

Post a Comment