Sunday, 28 June 2009

"ကော်ဖီနှင့်ကိုယ်ဝန်ဆောင်ပြဿနာ"

ကော်ဖီဟာ ကျန်းမာရေး စာမျက်နှာပေါ်မှာ ရှားရှားပါးပါး မကောင်းတာတခု ထပ်မံတံခါးခေါက်လာပြန်ပါပြီ။ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလာအတွင်းက သုတေသနတခုအရ အတော်အသင့် ကော်ဖီသောက်ခြင်းရှိတာတောင်မှ ကိုယ်ဝန်ဆောင်မိခင်များမှာ သားပျက်၊ သားလျှောဖြစ်နိုင်တယ်လို့ ဆိုပါသည်။ ကယ်လီဖိုးနီးယား ပြည်နယ်မှာ လေ့လာသုတေသနတခုအရ တနေ့လျှင် ကော်ဖီ (အသင့်သောက်ရတဲ့ ကော်ဖီ ၂ ခွက်နှင့်ညီမျှသည်။) ၂ဝဝ မီလီဂရမ် သောက်တဲ့ ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊သားလျှောဝေဒနာ ခံစားခြင်း ၂၅ ရာခိုင်နှုန်းဖြစ်နိုင်ခြေရှိသည်ဟု ဆိုသည်။ ထိုရာခိုင်နှုန်းသည် ကော်ဖီရှောင်သော ကိုယ်ဝန်ဆောင်များမှာ သားလျှော၊ သားပျက်ဖြစ်တာထက် နှစ်ဆပိုသည်ဟု ဆိုပါသည်။ ကော်ဖီကြိုက်တဲ့ အမျိုးသမီးများ ကလေးယူရင် သတိထား ရှောင်ကြဉ်ရမှာ ဖြစ်သည်။

No comments:

Post a Comment

0 comments:

Post a Comment