Sunday, 28 June 2009

"ဆေးလိပ်နှင့်မျက်နှာ"

အကယ်၍သင်ဟာ လူသူနှင့် ကင်းကွာသောကျောက်ဂူကြီးတခုထဲမှာနေတဲ့ လူမဟုတ်ဘူးဆိုရင် ဆေးလိပ်သောက်ခြင်းသည် သင်၏ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ကြာဖူးမှာဖြစ်ပါတယ်။ သင့်အိတ်ကပ်ထဲက ပိုက်ဆံကုန်တာကို ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဆေးလိပ်ဖြတ်ဖို့နောက်ထပ်အကြောင်းပြချက်တခုကို လိုအပ်နေသေးတယ်လို့ ထင်ရင်မှန်ထဲမှာ သင့်မျက်နှာကို ကြည့်လိုက်ပါ။ ဆေးလိပ်က သင့်မျက်နှာရဲ့ လှပမှုတွေကို ဖျက်ဆီးနေတာတွေ့ရပါလိမ့်မယ်။ ဆေးလိပ်မီးခိုးငွေ့ထဲမှာ ပါဝင်သော ဓာတုပစ္စည်းတွေထဲမှာ နီကိုတင်းကာဗွန်မိုနောက်ဆိုက်၊ ကတ္တရာစေးနဲ့ ခဲသတ္တုဓာတ်တို့ပါဝင်ပါတယ်။ ¤င်းတို့က အရေပြားသို့ သွေးစီးဆင်းမှုနည်းစေပါတယ်။ သွေးအတွင်းလှည့်ပတ်နေသော အောက်စီဂျင်ဓာတ်လျော့နည်းစေပါတယ်။ ဒါ့အပြင် အရေပြားထဲမှာရှိသော ကိုလာဂျင်နှင့် အီလက်စတင် အမျှင်များကို ပျက်စီးစေပါတယ်။ဒီအချက်တွေ စုပေါင်းပြီး နှာခေါင်းနဲ့ ပါးစပ်ဘေးတဝိုက်ရှိ အရေပြားမှာ အရေးကြောင်းတွေ ထင်စေပါတယ်။ ဒီလိုဖြစ်ပေါ်မှုဟာ ထာဝရပါပဲ။ အရေပြားရဲ့ ပြင်ပအလွှာထဲမှာရှိသော ရေပမာဏကိုလည်း လျော့နည်းစေတယ်။ ဒါကြောင့် အရေပြားဟာ ပိုမိုခြောက်သွေ့လာပြီး အက်ကွဲကြောင်းတွေပိုပြီးထင်စေပါတယ်။ ဒါနဲ့မှ မလုံလောက်သေးဘူးဆိုရင် ဆေးလိပ်သောက်ခြင်းကြောင့် ဆိုရီယားစစ် ခေါ် လေးဘက်နာ အရေပြားရောဂါ၊ အရေပြားကင်ဆာနှင့် ဆံပင်ကျွတ်ခြင်းတို့နှင့်ပါ ဆက်စပ်လျက်ရှိကြောင်း သတိပေးလိုက်ပါတယ်။ အသက်ရှည်ပြီး ပိုမိုနုပျိုလှပတဲ့ ဘဝကိုပိုင်ဆိုင်ဖို့ ဆေးလိပ်ဖြတ်လိုက်

No comments:

Post a Comment

0 comments:

Post a Comment