Tuesday, 30 June 2009

"နို့တိုက်ခြင်း အားဖြင့် မိခင်များ နှလုံးရောဂါ ကင်းဝေးနိုင်"

ကလေး ငယ်များကို နို့တိုက်ကျွေးခြင်းဖြင့် ကျန်းမာရေးနှင့် ပတ်သတ်၍ ကလေးငယ်များအတွက် အကျိုးများစွာ ရရှိမှုအပြင် မိခင်ဖြစ်သူ အနေဖြင့်လည်း နှလုံးရောဂါ ဖြစ်နိုင်ခြေ လျေားပါးကြောင်း ထပ်မံတွေ့ရှိရတယ်လို့ ဆိုပါတယ်။ မိခင်နို့စို့ခြင်းဖြင့် ကလေးငယ်များအား အ၀လွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ ရင်ကျပ်ပန်းနာရောဂါနှင့် တကွ နား၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ရောဂါပိုးမွှားများ ၀င်ရောက်စွဲကပ်ခြင်းတို့မှ အကာအကွယ်ပေးသည်။ ထို့ပြင် နို့တိုက်မိခင်များ အဖို့လည်း ကျန်မာရေး အခြေအနေကောင်းများ ရရှိပါတယ်။နို့တိုက်မိခင်များမှ ကလေးငယ်များကို နို့ချိုတိုက်ကျွေးပြုစု ပေးရသည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ အဆီများ လျော့ပါးသွားစေပြီး နှလုံးရောဂါနှင့် လေဖြတ်မည့် အန္တရာယ်ကိုလည်း နည်းပါစေပါတယ်။ အနည်းဆုံး တစ်လကြာ နို့ချိုတိုက်ကျွေးလျှင် ဆီးချိုသွေးချိုရောဂါ၊ သွေားပေါင်ချိန်မြင့်ခြင်းနှင့် ကိုလက်စထရောများခြင်း လျော့ပါးစေနိုင်ပြီး တစ်နှစ်ထက်ပို၍ နို့တိုက်လျှင် နှလုံးသွေားကြောဆိုင်ရာ ရောဂါဖြစ်နိုင်သည့် အကြောင်းအရင်း ၁၀ % လျော့နည်းမှာဖြစ်ပါတယ်။ မိခင်နို့ကို ကလေးငယ်အား ပိုမိုအချိန်ကြာကြာ တိုက်ကျွေးလေ မိခင်ရော ကလေးငယ်ပါ ကျန်းမာသည်ဟု သိပ္ပံ ပညာရှင်များက ကောက်ချက်ချထားပါတယ်။

"သားသားလေးလား မီးမီးလေးလား"

ယောင်္ကျားလေးရအောင်...မိန်းကလေးရအောင်.. ဆက်ဆံတဲ့နည်းရှိပါတယ်တဲ့ ( နားနဲ့မနာ၊ဖ၀ါးနဲ့နာပါနော်။
ကျန်းမားရေးကဏ္ဍမှာဆေးပညာအနေနဲ့ ဗဟုသုတ၀င်ဆွေးနွေးတာပါ။ တော်ယုံမသိတဲ့သူများနေလို့ပါ၊)

အဲဒါကတော့ အိမ်ထောင်ဖက်အမျိုးသားက အရင်ဆုံး ပြီးအောင်ဆက်ဆံလိုက်ရင်..မိန်းကလေးမွေးပါတယ်..
အိမ်ထောင်ဖက်အမျိုးသမီးက အရင်ဆုံးပြီးအောင်ဆက်ဆံရင်တော့ ယောင်္ကျားလေး မွေးလာပါတယ်။
(94%)သေချာပါတယ်တဲ့။ သေချာ Research လုပ်ထားတာပါတဲ့။

Sunday, 28 June 2009

"မိမိထက် အသက်ငယ်သော မိန်းမယူပါက ယောက်ျားများ အသက်ရှည်စေနိုင်"

ဂျာမနီ တက္ကသိုလ် ရဲ့ လေ့လာမှု တစ်ရပ်အရ အမျိုသားတွေ အနေနဲ့ မိမိထက် အသက် ၇ နှစ် - ၉ နှစ်ငယ်တဲ့ မိန်းမကို လက်ထပ်ထားရင် အရွယ်မတိုင်ခင် သေဆုံးနိုင်တဲ့ အန္တရာယ်ကို ၁၁ ရာခိုင်နှုန်း လျော့နည်းစေကြောင်း ၊ အမျိုးသားတွေရဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်တဲ့ အန္တရာယ်စာ သူ့ထက် ၁၅ - ၁၇ နှစ် ပိုငယ်တဲ့
ဇနီးရှိနေပါက ၂၀ ရာခိုင်နှုန်း လျော့နည်းတတ်ကြောင်း ဆိုပါတယ် ။ ဒါဟာ အ၇ွယ်ငယ်တဲ့ မိန်းမတွေဟာ ခင်ပွန်းသည်ကို ကောင်းမွန်စွာ ပြုစုတာကြောင့် အသက်
ရှည်ရှည် နေရတာ ဖြစ်နိုင်ကြောင်း ယင်းတက္ကသိုလ်က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ် ။ ဒါပေမဲ့ အမျိုးသမီးတွေ အတွက်တော့ ငယ်ရွယ်တဲ့သူ ဒါမှမဟုတ်
ဦးဦး အရွယ်ရှိသူတွေကို လက်ထပ်တဲ့ အတွက် တူညီတဲ့ ကောင်းကျို မရနိုင်ပါဘူးလို့ လေ့လာမှုက ဆိုပါတယ် ။ အသက် ၇ - ၉ နှစ် ငယ်တဲ့ ဒါမှမဟုတ် ကြီးတဲ့ ခင်ပွန်း ရှိသူ အမျိုးသမီးတွေမှာ တော့ စောစောစီးစီး အသက်သေဆုံးနိုင်တဲ့ အန္တရာယ်ဟာ ၂၀ ရာခိုင်နှုန်း မြင့်တက်နေပါတယ်တဲ့ ။ ဒီလေ့လာမှု ရလာဒ်ဟာ ၁၉၉၀ နဲ့
၂၀၀၅ ခုနှစ်ကြား သေဆုံးသူတွေကို စစ်တမ်းကောက်ခဲ့ရာက ရရှိခဲ့တာ ဖြစ်ပါတယ် ။

"ပဲပင်ပေါက်နဲ့ ကျန်းမာရေး"

ပဲပင်ပေါက်စားခြင်းဟာ ကျန်းမာရေးကို လွန်စွာအထောက်အကူပြုနိုင်ပါသည်။ပဲပင်ပေါက်စြားခြင်းကြောင့် နှာခေါင်းသွေးလျှံခြင်း၊ မျက်စီအားနည်းခြင်း၊ သွေးအားနည်းခြင်း၊ သွေးတက်ခြင်း၊ အပူကန်ခြင်း နှင်း အပူနှင့်ပတ်သတ်သောရောဂါများကို ပျောက်ကင်းစေနိုင်ပါသည

"နံနက်စာစားရင် ခန္ဓာကိုယ်လှလှလေးဖြစ်သတဲ့"

မနက်စာစားတာဟာ ကိုယ်လုံးအလှထိန်းသိမ်းရန် အဓိကသော့ချက်ဖြစ်ပါတယ်။ လွန်ခဲ့သော ၅ နှစ်အတွင်း လူပေါင်း ၇ဝဝဝ အား လေ့လာချက်အရ သုတေသီများတွေ့လာခဲ့တာကတော့ မနက်စာမှန်မှန်စားတဲ့လူတွေဟာ အချိန်ကာလာတခုကျော်လွန်ပြီးနောက် ကိုယ်အလေးချိန်ပမာဏ အနည်းဆုံးရှိကြကြောင်း တွေ့ရှိလာခဲ့ပါတယ်။ ( ခြုံငုံကြည့်ရလျှင် မနက်စာမစားသောသူတွေထက် အစာပိုစားသုံးပေမယ့်လည်း ) သင်စားသုံးတဲ့ နံနက်စာဟာ အကြာ်အလှော်တွေချည်း နေ့တိုင်းစားရင်တော့ ကိုယ်လုံးလှမှာ မဟုတ်ပါ။ ဆန်ပြုတ် သို့မဟုတ် သစ်သီးစားတာကတော့ ခန္ဓာကိုယ်သွယ်လျဖို့ အကောင်းဆုံးအစာဖြစ်ပါတယ်။

"ငွေကြေးကုန်ကျနည်းတဲ့သွေးပေါင်ကျနည်း"

ကမ္ဘာပေါ်မှာရှိတဲ့ သွေးတိုးရောဂါသည် သန်းပေါင်းများစွာအနက် သွေးပေါင်ကျဆေးအတွက် ငွေကြေးမတတ်နိုင်တာမို့ သွေးပေါင်ချိန်ကို ကောင်းကောင်းမထိန်းထားနိုင်တဲ့ သွေးတိုးသမားတွေလည်း မနည်းလှပါ။ အဲဒီလူတွေအတွက် အမေရိကန်သတင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ ဂျာနယ်မှာ ငွေကြေးကုန်ကျစရိတ်နည်းနည်းနဲ့ သွေးပေါင်ကျစေတဲ့ နည်းလမ်း ၅ ခုကို ရေးသားထားတဲ့ ဆောင်းပါးတပုဒ်ပါလာပါတယ်။ အဲဒီနည်းလမ်း ၅ သွယ်ကတော့ . . .

(၁)ဆီးရွှင်ဆေးသုံးပါ။

ဆီးရွှင်ဆေး ( Diruetics ) တွေဟာ သွေးတိုးရောဂါကုထုံးရဲ့ အဓိကအခြေခံဆေးဖြစ်ပြီး၊ ဆီးရွှင်ဆေးအမျိုးမျိုးရှိတဲ့အနက် ( Thiazide ) အမျိုးအစားဆီးရွှင်ဆေးဟာ လူတိုင်းတတ်နိုင်တဲ့ ဈေးနည်းနည်းနဲ့ ရနိုင်တဲ့ဆေးဖြစ်ပါတယ်။

(၂)ဆား (အငန်) ကို လုံးဝမစားပါနဲ့။

သုတေသနတခုပြီးတခုက အငန် (ဆား) ဟာ သွေးတိုးစေကြောင်း ထပ်တလဲလဲ သက်သေပြပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့လူတွေတောင် ဆား ( အငန် ) ကို နေ့စဉ် ၂၄ဝဝ မီလီဂရမ် ( လက်ဖက်ရည်ဇွန်းတဇွန်းစာ ) ထက် ပိုမစားသင့်ဟု အမေရိကန်နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ သွေးတိုးရောဂါဆိုင်ရာ အင်စတီကျူ့စ်က အကြံပြုထားပါတယ်။ သွေးတိုးရောဂါရှိသူတွေအဖို့ ဆားကို ၁၂ဝဝ မီလီဂရမ် ( လက်ဖက်ရည်ဇွန်းတဝက် ) ထက် ပိုမစားသင့်ပါ။

(၃)သွေးပေါင်ကျစေတဲ့ အစားအစာကိုစားပါ။

သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကစီဓာတ်နည်းတဲ့ နို့ထွက်ပစ္စည်းတွေဟာ သွေးပေါင်ကျစေတဲ့ အစွမ်းသတ္တိရှိကြပါတယ်။

(၄)အရက်လျှော့သောက်ပါ။

အရက်စွဲနေသူ သွေးတိုးသမားတယောက်ဟာ အရက်ကို လျှော့သောက်ပါ။ တနေ့ ၁ ခွက် ၂ ခွက်ထက် မပိုပါစေနဲပ။ အရက်လျှော့သောက်ခြင်းဖြင့် သွေးပေါင်ချိန်ကို ကျစေပါတယ်။ ဒါ့အပြင် အရက်လုံးဝမသောက်ခြင်းဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကယ်လိုရီပိုလျှံမှုကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးရာ ရောက်ပါတယ်။

(၅)ကာယလေ့ကျင့်ခန်းလုပ်။

မကြာမီသေးခင်က လုပ်ခဲ့ကြတဲ့ သုတေသနအသင်းပေါင်း ၅ဝ ကျော်မှာ ပုံမှန်ကာယ လေ့ကျင့်ခန်း နေ့စဉ်လုပ်သူဟာ သွေးပေါင်ချိန်ကို ကျစကြောင်း ရလဒ်တွေအသီးသီး ဖော်ပြပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက အပတ်တိုင်း နေ့စဉ်အနည်းဆုံးမိနစ် ၃ဝ ခန့် ကာယလေ့ကျင့်ခန်းပြုလုပ်ဖို့ တိုက်တွန်းနှိုးဆောင်ကြတာ ဖြစ်ပါတယ်။

"ဆေးလိပ်နှင့်မျက်နှာ"

အကယ်၍သင်ဟာ လူသူနှင့် ကင်းကွာသောကျောက်ဂူကြီးတခုထဲမှာနေတဲ့ လူမဟုတ်ဘူးဆိုရင် ဆေးလိပ်သောက်ခြင်းသည် သင်၏ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ ကြာဖူးမှာဖြစ်ပါတယ်။ သင့်အိတ်ကပ်ထဲက ပိုက်ဆံကုန်တာကို ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဆေးလိပ်ဖြတ်ဖို့နောက်ထပ်အကြောင်းပြချက်တခုကို လိုအပ်နေသေးတယ်လို့ ထင်ရင်မှန်ထဲမှာ သင့်မျက်နှာကို ကြည့်လိုက်ပါ။ ဆေးလိပ်က သင့်မျက်နှာရဲ့ လှပမှုတွေကို ဖျက်ဆီးနေတာတွေ့ရပါလိမ့်မယ်။ ဆေးလိပ်မီးခိုးငွေ့ထဲမှာ ပါဝင်သော ဓာတုပစ္စည်းတွေထဲမှာ နီကိုတင်းကာဗွန်မိုနောက်ဆိုက်၊ ကတ္တရာစေးနဲ့ ခဲသတ္တုဓာတ်တို့ပါဝင်ပါတယ်။ ¤င်းတို့က အရေပြားသို့ သွေးစီးဆင်းမှုနည်းစေပါတယ်။ သွေးအတွင်းလှည့်ပတ်နေသော အောက်စီဂျင်ဓာတ်လျော့နည်းစေပါတယ်။ ဒါ့အပြင် အရေပြားထဲမှာရှိသော ကိုလာဂျင်နှင့် အီလက်စတင် အမျှင်များကို ပျက်စီးစေပါတယ်။ဒီအချက်တွေ စုပေါင်းပြီး နှာခေါင်းနဲ့ ပါးစပ်ဘေးတဝိုက်ရှိ အရေပြားမှာ အရေးကြောင်းတွေ ထင်စေပါတယ်။ ဒီလိုဖြစ်ပေါ်မှုဟာ ထာဝရပါပဲ။ အရေပြားရဲ့ ပြင်ပအလွှာထဲမှာရှိသော ရေပမာဏကိုလည်း လျော့နည်းစေတယ်။ ဒါကြောင့် အရေပြားဟာ ပိုမိုခြောက်သွေ့လာပြီး အက်ကွဲကြောင်းတွေပိုပြီးထင်စေပါတယ်။ ဒါနဲ့မှ မလုံလောက်သေးဘူးဆိုရင် ဆေးလိပ်သောက်ခြင်းကြောင့် ဆိုရီယားစစ် ခေါ် လေးဘက်နာ အရေပြားရောဂါ၊ အရေပြားကင်ဆာနှင့် ဆံပင်ကျွတ်ခြင်းတို့နှင့်ပါ ဆက်စပ်လျက်ရှိကြောင်း သတိပေးလိုက်ပါတယ်။ အသက်ရှည်ပြီး ပိုမိုနုပျိုလှပတဲ့ ဘဝကိုပိုင်ဆိုင်ဖို့ ဆေးလိပ်ဖြတ်လိုက်

"သွေးတိုးသမားတွေ ဗီတာမင် စီ များများစားပါ"

ဗီတာမင် စီ ဟာ ပြင်းအားမြင့်တဲ့ ဓာတ်တိုးဆန့်ကျင် ဓာတ်ပစ္စည်းတမျိုးဖြစ်တာကြောင့် သွေးကြောနံရံများ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ နေ့စဉ်စားတဲ့အစာမှာ ဗီတာမင် စီ ပိုပါလေလေ သွေးပေါင်ကို ပိုကျစေလေ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင် စီ ပေါကြွယ်ဝတဲ့ အစားအစာကို ပိုစားလေ နှလုံးရောဂါ နဲ့ လေဖြတ်ရောဂါ အန္တရာယ် ပိုမိုလျော့နည်းလေဖြစ်ပါတယ်။ ဗီတာမင် စီ ပေါကြွယ်ဝတဲ့အစာတွေကတော့ လိမ္မော်သီး၊ သံပရာသီး၊ သင်္ဘောသီးလိုသစ်သီးတွေအပြင် ငရုတ်သီး အနီပွပွ၊ ငရုတ်သီး အစိမ်းပွပွ၊ ဂေါ်ဖီထုပ်နဲ့ ကညွတ်လို ဟင်းသီးဟင်းရွက်တွေဖြစ်ပြီး အကယ်၍ နေ့စဉ်စားတဲ့ အစာတွေမှာ ဗီတာမင် စီ လုံလောက်အောင် မပါဝင်ဘူးဆိုရင် ဗီတာမင် စီ ကို ဖြည့်စွက်ဗီတာမင်ဆေးဝါးအဖြစ် သုံးစွဲရယူနိုင်ပါတယ်။ ဖြည့်စွက်ဗီတာမင် စီ ဆေးပြား တွေကို နေ့စဉ် ၅ဝဝ-၁ဝဝဝ မီလီဂရမ် အထိ သုံးစွဲနိုင်ပါတယ်။

"ကွန်ပျူတာကီးဘုတ်များ"

ကွန်ပျူတာကီးဘုတ်များကိုတော့ ဒီခေတ်မှာ ရှောင်ကြဉ်ဖို့ အတော်ခက်ပါတယ်။ ကီးဘုတ်ကိုင်ပြီးရင် လက်ဆေးပါ။ လက်ဆေးပြီးမှ အစာစားပါ။ ဘာဖြစ်လို့လဲဆိုတော့ မဂ္ဂဇင်းတိုက်တခုရှိ ကီးဘုတ် ၃၃ ခု အားပိုး ရှိ၊ မရှိ ဝါဂွမ်းလေးဖြင့် အသာသုတ်ပြီး စစ်ဆေးစမ်းသပ်ခဲ့ရာ ကီးဘုတ် ၄ ခုမှာ ရောဂါဖြစ်စေနိုင်လောက်တဲ့ ပိုးများတွေ့ရှိလာခဲ့ရပါတယ်။ ကီးဘုတ်တခု ပိုးများကတော့ အိမ်သာထိုင်ခုံမှာ တွေ့ရတဲ့ ပိုးတွေထက်တောင် ၅ ဆ ပိုညစ်ပတ်ပါသတဲ့။ ဗက်တီးရီးယားပိုးအတွက် သတ်မှတ်ချက်ထက် အဆပေါင်း ၁၅ဝ လောက်တောင် ပိုးမွှားတွေတွယ်ကပ်နေကြောင်း တွေ့ခဲ့ရလို့ပါပဲ။

"ကော်ဖီနှင့်ကိုယ်ဝန်ဆောင်ပြဿနာ"

ကော်ဖီဟာ ကျန်းမာရေး စာမျက်နှာပေါ်မှာ ရှားရှားပါးပါး မကောင်းတာတခု ထပ်မံတံခါးခေါက်လာပြန်ပါပြီ။ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလာအတွင်းက သုတေသနတခုအရ အတော်အသင့် ကော်ဖီသောက်ခြင်းရှိတာတောင်မှ ကိုယ်ဝန်ဆောင်မိခင်များမှာ သားပျက်၊ သားလျှောဖြစ်နိုင်တယ်လို့ ဆိုပါသည်။ ကယ်လီဖိုးနီးယား ပြည်နယ်မှာ လေ့လာသုတေသနတခုအရ တနေ့လျှင် ကော်ဖီ (အသင့်သောက်ရတဲ့ ကော်ဖီ ၂ ခွက်နှင့်ညီမျှသည်။) ၂ဝဝ မီလီဂရမ် သောက်တဲ့ ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊သားလျှောဝေဒနာ ခံစားခြင်း ၂၅ ရာခိုင်နှုန်းဖြစ်နိုင်ခြေရှိသည်ဟု ဆိုသည်။ ထိုရာခိုင်နှုန်းသည် ကော်ဖီရှောင်သော ကိုယ်ဝန်ဆောင်များမှာ သားလျှော၊ သားပျက်ဖြစ်တာထက် နှစ်ဆပိုသည်ဟု ဆိုပါသည်။ ကော်ဖီကြိုက်တဲ့ အမျိုးသမီးများ ကလေးယူရင် သတိထား ရှောင်ကြဉ်ရမှာ ဖြစ်သည်။

"ကြက်ဥစားအားရှိသတဲ့"

ကြက်ဥ၊ ဘဲဥတွေမှာပါတဲ့ အရည်အသွေး အဆင့်မြင့် ပရိုတိန်းဓာတ်ဟာ ကြွက်သားတွေရဲ့ စွမ်းအား၊ အင်အားဓာတ်နဲ့ အားရှိတယ်ဆိုတဲ့ ခံစားရမှုတို့အတွက် အရေးပါတဲ့အရာ ဖြစ်နေပါတယ်လို့ ပရိုတိန်း အမျိုးအစားပေါင်း ၂၅ မျိုးကျော်ကို လေ့လာသုတေသနပြုခဲ့တဲ့ အမေရိကန် သုတေသီအဖွဲ့က ဆိုလိုက်ပါတယ်။ ကြက်ဥတလုံးဟာ လူတယောက်နေ့စဉ်လိုအပ်တဲ့ အရည်အသွေးမြင့် ပရိုတိန်းပမာဏရဲ့ ၁၃ ရာခိုင်နှုန်းကို ထောက်ပံပေးနိုင်ကြောင်း၊ အရည်အသွေးမြင့် ပရိုတိန်းဓာတ်ဟာ ကြွက်သားထုထည် စွမ်းအားထိန်းပေးရာမှာလည်းကောင်း၊ အသက်ကြီးတဲ့သူတွေမှာ ကြွက်သားများ ပိန်ကျုံလှီမသွားဖို့ ကာကွယ်ပေးရာမှာလည်းကောင်း အထောက်အကူပေးတဲ့ ပရိုတိန်းဓာတ်ဖြစ်ပါတယ်လို့ ဒီသုတေသနရဲ့ ခေါင်းဆောင် အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ် တက္ကသိုလ်မှ ဒေါ်လ်နယ်ကေလေးမင်းက ယူပီအိုင်သတင်းဌာနကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားအများစုဟာ စားတဲ့ အစားအသောက်ကနေ အခြားသော ပရိုတိန်း ( အသားဓာတ် ) လုံလုံလောက်လောက်ရရှိနေတာမို့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဆင့်မြင့် ပရိုတိန်းဓာတ်ကိုပဲ အဓိထား ဂရိုတစိုက်စားသောက်ဖို့သာ လိုကြောင်းသူက ဆက်လက်ပြောဆိုခဲ့ပါတယ်။ ကြက်ဥမှရတဲ့ အဆင့်မြင့် ပရိုတိန်းဓာတ်ဟာ ကြွက်သားတွေရဲ့ စွမ်းရည်ကို ထိန်းသိမ်းပေးခြင်းဖြင့် လူကို အားရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကြက်ဥက ရတဲ့ ပရိုတိန်းဓာတ်ဟာ သွေးထဲရှိ သကြား ( အချိုဓာတ် ) ပမာဏကိုလည်း မတက်စေ၊ အင်ဆူလင် ဟော်မုန်းကိုလည်း မတက်စေကြောင်း သိရပါတယ်။

"ဝက်အူချောင်းက အူမကြီး ကင်ဆာဖြစ်နိုင်တယ်"

အူမကြီးကင်ဆာ မဖြစ်အောင် ဝက်အူချောင်းနဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ အခြားအသားများကို ခက်ရင်းနဲ့ ကော်ကော်မစားပါနဲ့။ ကမ္ဘာ့ကင်ဆာသုတေသန ရန်ပုံငွေမှ ဧပြီလအစီရင်ခံစာအရ တနေ့လျှင် ဝက်အူချေင်း တချောင်းစားလိုက်တာနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ငါးပုံတပုံတက်လာစေပါတယ်။ ဝက်ပေါင်ခြောက် သုံးချောင်း သို့မဟုတ် ၅ဝ ဂရမ်အလေးချိန်ရှိ တာရှည်ခံ အသားတမျိုးမျိုးစားရင်လည်း အတူတူပဲ ဖြစ်ပါသတဲ့။ ဝက်ပေါင်ခြောက် သို့မဟုတ် အမဲခြောက် သို့မဟုတ် ကြပ်တင်ခြောက် အသား သို့မဟုတ် ငါးကြပ်တင်ခြောက်တွေအကြောင်း ပြောနေတယ်ဆိုရင် စိတ်ချစွာ စားသုံးရမယ့် ပမာဏကို သေသေချာချာ မသိပါဘူးလို့ ရန်ပုံငွေအသင်း ပါမောက္ခမာတင်ဝိုက်စ်မန်းက ပြောပြခဲ့ပါတယ်။

"ဂေါ်ဖီထုပ်ကိုပုံမှန်စားသုံးပေးပါလျှင်"

ဂေါ်ဖီထုပ်ကိုပုံမှန်စားသုံးပေးပါလျှင် အစာအိမ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း ဂျပန်သုတေသန ပညာရှင်များက ပြောကြားပါတယ်။ ဂေါ်ဖီထုပ်တွင်ပါသောဓာတ်များက အစာအိမ်နှင့်အူလမ်းကြောင်းတို့တွင် ဖြစ်ပွားတတ်သည့်အနာများကို ပျောက်ကင်းစေတတ်ကြောင်း၊ ထို့အပြင် အစာအိမ်နှင့်အူလမ်းကြောင်းတို့တွင်ဖြစ်ပွားနိုင်သော ကင်ဆာဆဲလ်များကို ဖျက်းပေးနိုင်ကြောင်း လည်းကောင်းတို့ကပြောကြားပါတယ်။ဂေါ်ဖီထုပ်တွင်ပါဝင်သော ဓာတ်များက ခန္ဓာကိုယ်တွင်းရှိ အောက်ဆီဂျင်ရက်ဒီကယ်များ ပျက်စီးမှုကို ကာကွယ်ပေးနိုင်သလို မျိုးဗီဇဆဲလ်များမပျက်စီးအောင်လည်း ထိန်းသိန်းပေး နိုင်ကြောင်းသိရသည်။ ဂေါ်ဖီထုပ်ကို ၁နေ့လျှင်နှစ်အောင်စခန့် စားသုံးပေးပါက အစာအိမ် ရောဂါဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေကြောင်း၊ ဂေါ်ဖီထုပ်ကိုနေ့စဉ် အနည်းငယ်စားသုံးပေးပါက အသားအရေစိုပြည်ကာ အစာအိမ်ကင်ဆာ မဖြစ်ပွားနိုင်အောင် ကာကွယ်ပေးနိုင်ကြောင်းသိရသည်။

"အမျိုးသမီးများ နှင့် သွေးတိုးရောဂါ"

အမျိုးသမီးများတွင် သွေးတိုးရောဂါ အန္တရာယ်ဖြစ်စေသော အချက်အလက်များသည် အမျိုးသားများနှင့် ခြားနားမှုရှိသည်။ အမျိုးသမီးများတွင် သွေးတိုးရောဂါ ဖြစ်ပေါ်စေသော အန္တရာယ် တိုးပွားမှုများအတွက် အမေရိကန် နှလုံးရောဂါဆိုင်ရာ အသင်းက စာရင်းပြုစုထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

* သန္ဓေတား ဆေးများ သောက်သုံးနေလျှင်
* ကိုယ်ဝန်ရှိနေလျှင်
* ဓမ္မတာ သွေးဆုံးပြီး ခါစ ဖြစ်လျှင်
* စိတ်ဆိုး စိတ်မကြည်လျှင် ဒေါသထွက်လျှင်
* ခန္ဓာကိုယ် အလေးချိန် များပြားနေလျှင်
* မျိုးရိုးစဉ်ဆက် သွေးတိုးရောဂါ ရာဇ၀င် ရှိလျှင်

"ငါးကို ပုံမှန်စားသုံးခြင်းဖြင့် ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်"

ငါးကို ပုံမှန်စားသုံးခြင်းသည် ကျောက်ကပ်ရောဂါဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေကြောင်း ဗြိတိသျှ ဆေးသုတေသန ပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။
သီတင်းတစ်ပတ်လျှင် ငါးကို အနည်းဆုံးနှစ်ကြိမ်ခန့် စားသုံး ပေးခြင်းဖြင့် ဆီးချိုရောဂါနှင့် ကျောက်ကပ်ရောဂါများကို ကာကွယ်ပေး
နိုင်ကြောင်း၊ဆီးချိုရောဂါနှင့် ကျောက်ကပ်ရောဂါဖြစ်ပွားမှုတို့မှာ ဆပ်စပ်နေကြောင်း ဗြိတိန်နိုင်ငံ အမျိုးသားကျောက်ကပ်ဌာနမှ သုတေသနပညာရှင် ဒေါက်တာအမန်ဒါအက်လာက ပြောကြားသည်။ ငါးတွင်ပါဝင်သော ဓာတ်များက သွေးတွင်းကလာပ်စည်းပျက်စီး
မှုကို ကာကွယ်ပေးနိုင်သည့်အပြင် သွေးသန့်စင်မှုအတွက် အထောက် အကူပြုကြောင်း သိရသည်။ ထို့အပြင် သွေးထဲတွင်ပါဝင်သော အယ်ဗျူမင်သွေးရည်သည် ပရိုတင်းတစ်မျိုးကို ကျဆင်းစေကြောင်း ၄င်းက ပြောကြားသည်။ထို့ကြောင့် ကျာက်ကပ်နှင့်ဆီးချိုရောဂါများ ဖြစ်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန် ငါးကိုပုံမှန်စားသုံးသင့်ကြောင်း ၄င်းတို့ကအကြံပြုထားသည်။

"စလင်းမ်ဖြစ်ချင်ရင် ရေနွေးကြမ်းသောက်"

ရေနွေးကို လက်ဖက်ခြောက်ခပ်သောက်ခြင်းသည် ခန္ဓာကိုယ်စလင်းမ် ဖြစ်ချင်သူတွေအတွက်အကောင်းဆုံးပါတဲ့။ တိုင်ပေလူမျိုးများရဲ့ နောက်ဆုံးတွေ့ရှိချက်များအရ အင်တီအောက်ဆီးဒင့် ဓာတ်များသည် ဇီဝရုပ်ဖြစ်ပျက်မှုကို အရှိန်မြန်စေတဲ့ အတွက် ဗိုက်မစာအောင် အစာစားချင်စိတ်ကိုဖိနှိပ်ပေးပါတယ်လို့ ဆိုပါတယ်။ကမ္ဘာကျော် ဟောလိဝုဒ် ဆီလီဘရစ်တီတွေရဲ့ လျှို့ဝှက်ချက်မှာလည်း အစာမစားချင်အောင်၊ ဗိုက်မစာအောင် ၁နေ့လျှင်ရေနွေးကြမ်း ၆ ခွက် သောက်ပါတယ်လို့ဆိုပါတယ်။

Friday, 26 June 2009

'ပန်းသီးတစ်လုံးနေ့စဉ်စားလျင်"

တစ်နေ့ပန်းသီးတစ်လုံး ပုံမှန်စားသုံးသော အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း သိရှိရသည်။ သုတေသန ရလဒ်များအရ ပန်းသီးများများစားလေ၊ ရင်သားကင်ဆာ ဖြစ်ပွားစေသည့် adenocarcinomaအကြိတ်များ ပေါ်ပေါက်လာနိုင်မှု လျော့နည်းလေလေ ဖြစ်ကြောင်း ဆရာဝန်များကဆိုသည်။ အဆိုပါ အကြိတ်အမျိုးအစားကြောင့် ဖြစ်ပွားလာသော ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး ရင်သားကင်ဆာ အပြင်းစားကို ဖြစ်ပေါ်စေသည်။ ကော်နဲလ်တက္ကသိုလ်မှ ပါမောက္ခရီဟိုင်လျူက ကြွက်များနှင့် စမ်းသပ်မှုအရ ထိုအကြိတ်များသည် ပန်းသီးများများ စားပေးသည့် ကြွက်များတွင် လျင်မြန်စွာ သေးငယ်ကျုံလှီပြီး လုံးဝပျောက်ကွယ်သွားကြောင်း သိရှိရသည်။ အလားတူ အကျိုးသက်ရောက်မှုမှာ လူသားများတွင် (၅၇)ရာခိုင်နှုန်းမျှ ရှိနိုင်ကြောင်းလည်း ပါမောက္ခလျူကဆိုသည်။ ၎င်းတို့သည် ရင်သားကင်ဆာ ရောဂါသည်များစွာကို ပုံမှန်ပန်းသီးတစ်လုံးစီ နေ့စဉ်ကျွေးခဲ့ရာ နေ့စဉ်ပန်းသီးတစ်လုံး စားရမည့် ကိစ္စအား ငြင်းဆန်ခဲ့သည့် လူနာအမျိုးသမီးများသည် နေ့စဉ် ပန်းသီးစားသည့် အမျိုးသမီးများထက် ကင်ဆာကြိတ်များ ဖြစ်ပေါ်လာမှု (၈၁)ရာခိုင်နှုန်း ပိုမိုလျင်မြန်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။ အရည်ရွှမ်းသော သီးနှံတစ်ခုဖြစ်သည့် ပန်းသီးသည် ရင်သားကင်ဆာ ကုသရေးအတွက် အလွန်အကျိုးများကြောင်း နောက်ထပ်သက်သေများစွာ ရှိနေသေးသည်ဟုလည်း သုတေသီများက ထောက်ခံကြသေးသည်။ လေ့လာမှု ရလဒ်များအားလုံးတွင် သိရှိလာရသည်မှာ အရည်ရွှမ်းသည့် သီးနှံများ အားလုံးလိုလိုသည် ကင်ဆာကြိတ်များ ဖြစ်ပွားလာမှုကို တုန့်နှေးသွားစေသည်မှာ အသေအချာဖြစ်ပြီး ၎င်းတို့အနက် ပန်းသီးမှာ အသိသာဆုံး သဘာဝဆေးဝါးဖြစ်ကြောင်း ပါမောက္ခလျူက ရှင်းပြခဲ့သည်။ ရင်သားကင်ဆာ ရောဂါသည် အမျိုးသမီးများတွင်သာမက အမျိုးသားအချို့တွင်လည်း ဖြစ်ပွားတတ်ပြီး နှစ်စဉ် ကမ္ဘာ့လူဦးရေ (၁)သန်းခန့်သည် အဆိုပါရောဂါ ရရှိလာနေမှုနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

"စိတ်ပိုင်းဆိုင်ရာ ပြဿနာ ကင်းဝေး စေရေးအတွက်"

စိတ်ပိုင်းဆိုင်ရာ ပြဿနာ ကင်းဝေး စေရေးအတွက်

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရတဲ့ အခါ စိတ်ခံစားမှု ဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိနိုင်ဖို့ အားကစား ပြုလုပ်သင့်ပါတယ် ။ အားကစားပြုလုပ်ခြင်း ကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ ယုံကြည်မှု ရှိခြင်း

တက်တက်ကြွကြွ နေခြင်းဟာ လူမှုရေး ဆိုင်ရာ အလုပ်တွေမှာ အောင်မြင်မှု ရစေပါတယ်။ အားကစား ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ပန်းတိုင် ချ မှတ်ထားပြီး ရောက်အောင် လုပ်ဆောင်တာ ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားစေပါတယ် ။ အားကစား လုပ်ပြီး နေထိုင်ကောင်းခြင်း နဲ့ အသွင်အပြင် တင့်တယ် ကြည့်ကောင်း ခြင်းကြောင့် ယုံကြည်မှု ရရှိစေပါတယ် ။

၂ ။ စိတ်ခံစားမှု ကောင်းခြင်း

စိတ်ဓါတ် ကျခြင်းနဲ့ စိတ်ပူပန်သော က ရောက်ခြင်းဟာ အထီးကျန်စေပါတယ် ။ အထီးကျန်တဲ့ အခါ သင်ခံစားနေရတဲ့ စိတ်ဝေဒနာ ဟာ ပိုမို ဆိုးရွားလာနိုင်ပါတယ် ။ အားကစား ကြောင့် တခြားလူ တွေနဲ့ တွေ့ဆုံ ပေါင်းဖော်နိုင်တဲ့ အခွင့်အလန်းက အထီးကျန်မှု ကင်းဝေးပြီး စိတ်အား တက်ကြွလာပါလိမ့်မယ် ။ ဒါအပြင် အားကစားလုပ်နေယင်း တခြားလူနဲ့ အပြုံးချင်း ဖလှယ်တာ ၊ စကားစမြည် ပြောဆိုတာတွေဟာ စိတ်ခံစားမှု ကောင်းစေပါတယ် ။

၃ ။ မကောင်းသော အတွေးများ ကင်းဝေးခြင်း

စိတ်ဓါတ်ကျ ခြင်း နဲ့ စိတ်ပူပင်သောက ရှိခြင်း တွေကြောင့် ငြိမ်သက် ကာ ထိုင်းမှိုင်းနေရင် ကိုယ့်အတွေးနဲ့ ကိုယ်ပိုပြီး စိတ်ပင်ပန်းရပါလိမ့်မယ် ။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် ပြုချင်လာတဲ့ အထိ စိတ်ထိခိုက် လာနိုင်တဲ့ အတွက် မကောင်းတဲ့ အတွေးတွေ ကင်းဝေးအောင် အားကစား လုပ်ပါ။ အားကစားလုပ်ရင်း
သီချင်း နားထောင်ခြင်း ၊ အားကစား လုပ်ဖော်တွေနဲ့ စကားပြောခြင်းဟာ သင့်ရဲ့ အတွေးဆိုးတွေ ကို ဖယ်ရှားပေးနိုင်မှာပါ ။

၎ ။ အပြုအမူ ဆိုးများ ရှောင်ရှားနိုင်ခြင်း

စိတ်ဓါတ်ကျတဲ့ အခါ လိုလို အကောင်းတဲ့ အပြုအမူတွေ ဖြစ်တဲ့ အရက်အလွန်အကျွံ သောက်ခြင်း ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ အပျော်အပါး လိုက်စားခြင်း စတာတွေ
ထက် ဦးတည်သွားနိုင်ပါတယ် ။ တသက်လုံး အားကစားလုပ်လာတဲ့ သူဆိုရင် မကောင်းတဲ့ အပြုအမူတွေနဲ့ ကိုယ့်ရဲ့ ပုံပန်းသဏ္ဍာန် ပျက်ဆီးယိုယွင်းမှာကို လိုလားမှာ
မဟုတ်ဘူး ။ အားကစားလိုက်စားတဲ့ သူတွေဟာ အပြုအမူ ဆိုးတွေ ကို အလိုလို ရှောင်ရှား ပြီးသား ဖြစ်သွားပါတယ် ။

၅ ။ အခက်အခဲများ ရင်ဆိုင်နိုင်ခြင်း

အားကစားပြုလုပ်ပြီး စိတ်နဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းနေရင် စိတ်ဓါတ်ကျ ဝေဒနာကို အလွယ်တကူ တွန်းလှန်ဖယ်ရှားနိုင်ကာ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကိုလဲ
အပြုံးမပျက် ရင်ဆိုင်နိုင်ပါလိမ့်မယ်

"ပင်ပန်းနွမ်းနယ်မှုများ အလွယ်တကူ ပျောက်စေမည့် နည်းလမ်းငါးသွယ်"

ကိုယ့်ကိုယ်ကိုယ် ခဏ အနားပေးပါ

စိတ်ပညာရှင်တွေရဲ့ အဆိုအရ ငါးမိနစ်ခန့် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းတဲ့ စာပေတွေကို ဖတ်ရှုခြင်းဖြင့် စိတ်ဖိစီးမှု တွေကို သက်သာ စေတယ်လို့ဆိုပါတယ် ။

လေညင်းခံပါ

မိမိရှိရာနေရာ ရုံးခန်း၊ အိမ်ခန်းက လေ၀င်လေထွက် မလုံလောက်ဘူးဆိုရင် အပြင်ကို ခဏလောက်ထွက်ပြီး လေညင်းခံ ဖို့လိုပါတယ် ။ လတ်ဆတ်တဲ့ လေကို
ရှူရှိုက်ခြင်းက လူကို တက်ကြွ လန်းဆန်းစေပါတယ် ။

အလှအပကို ကြည့်ရှုခံစားတတ်ပါစေ

သိပ်ကို အလုပ်တွေ များနေတဲ့အခါ အနီးအနားမှာရှိတဲ့ သဘာဝ ကြီးရဲ့ အလှတရားတွေကို ခံစားတတ်ဖို့ လိုပါတယ်။ သဘာဝရဲ့ အလှတရားတွေ ဖြစ်တဲ့ နေထွက်ချန် ၊
နေ၀င်ချိန် မြင်ကွင်းနဲ့ သစ်ပင် ပန်းမန်တွေ၊ ချစ်စဖွယ် တိရစ္ဆာန် ငယ်လေးတွေက စိတ်ပျော်ရွှင် ခြင်းကို အထောက်အပံ့ ဖြစ်စေပါတယ် ။

လက်ကိုင်ဖုန်း နဲ့ ခဏအဆက်ဖြတ်ပါ

လုပ်ငန်းခွင်မှာ လိုအပ်လို့ လက်ကိုင်ဖုန်း ကိုင်တဲ့အခါ အရေးပါတဲ့ အကြောင်းအရာ၊ အရေးပါတဲ့ သူတေါ ရှိသလို ကိုယ်စကားမပြောလိုတဲ့ သူတွေနဲ့ ဖုန်းနံပါတ် မှားဆက်ခြင်း တွေက သင့်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် သိပ်ပင်ပန်း နေတဲ့ အချိန်တွေမှာ ဖုန်းသံ မြည်တိုင်း လက်မခံဘဲ Voice Mail ကဲ့သို့
ကြားခံ စနစ်ကို အသုံးပြုသင့်ပါတယ် ။

အမွှေးနံ့သာ များဖြင့် ဇိမ်ခံပါ

ရနံ့မွှေးတဲ့ ဆပ်ပြာ ၊ ခေါင်းလျှော်ရည် ၊ ရေချိုးဆပ်ပြာ ကရင်မ်တွေ နဲ့ ဇိမ်ခံ ရေချိုးပေးခြင်းက သင့်အာရုံကို နိုးထ စေပြီး စိတ်ကူးသစ် ၊ စိတ်ကူးကောင်း တွေကို
ရရှိစေပါတယ် ။

"ခြေစွယ်ငုပ်ခြင်း အတွက် အိမ်တွင်းကုသမှု"

အကြောင်းရင်း

မကြာခဏ ခြေစွယ် ငုပ် ခြင်းရဲ့ အများဆုံး အကြောင်း ရင်းတွေကတော့ ခြေသည်းညှပ်တဲ့ ပုံမမှန်ခြင်း နဲ့ ကိုယ့်ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ရှူးဖိနပ်ဟာ အရမ်း ကျပ်နေရင် ခြေမ ထိပ်သား ကိုခြေသည်းအစွန်းဆီ ဖိနေသလို ဖြစ်ပြီး ခြေစွယ် ငုပ်တတ်ပါတယ် ။ ခြေသည်းညှပ် တဲ့အခါ မှာ အစွန်းတွေကို ၀ိုက်ညှပ်ထား ရင်လည်း နောက်အသစ် ထွက်လာတဲ့ ခြေသည်းက အသားထဲကို စိုက်ဝင်သွား ပြီး ခြေစွယ် ငုပ်တတ်ပါတယ် ။

ကာကွယ်မှု

ဒါကြောင့် ရှူးဖိနပ် ကို အလွန်အမင်း မကျပ်စေဘဲ ခြေထောက်နဲ့ စက့်တော် တဲ့ အရွယ်အစား သာစီးပါ ။ မကြာခဏ ခြေစွယ်ငုပ် တတ်ရင် ခြေသည်းကို လည်း တုံးတိ ဖြစ်အောင်
မညှပ်ဘဲ အနည်းငယ် အရှည်ထားပြီး ခြေမထိပ် ထွက်နေတဲ့ နေရာက ခြေသည်းကို မ၀ိုက်ဘဲ မဖြောင့်ညှပ်ပါ။ ခြေသည်းကို အရမ်းတိုအောင် ညှပ်မိသွားရင် တော့ခြေသည်း အစွန်းတွေကို ခြေသည်း တိုက်တဲ့ တံစဉ်းနဲ့ တိုက်ပေးပါ။ နောင်တစ်ချိန် အသားထဲကို ခြေသည်း အစွန်းက စူးဝင်ပြီး နာကျင်တာ မဖြစ်အောင် ကာကွယ် နိုင်ပါတာယ် ။

အိမ်တွင်းကုသမှု

ခြေစွယ်ငုပ်နေတဲ့ အချိန်မှာ နာကျင်မှု သက်သာ ဖို့အတွက်တော့ ရေနွေးနွေး လေးထဲမှာ ခြေထောက်ကို ရေစိမ်ထားပေး ပြီး ခြေသည်းတွေကို ရေင်ပျော့ပျောင်း အောင်လုပ်ပါ။
ပြီးရင် ခြေသည်း အောက်မှာ ပိုးသတ်ထားတဲ့ ဂွမ်းစသေးသေး လေးတခုကို ထည့်ပြီးခံ ထားပေးပါ ။ ဂွမ်းစကို ဒီနည်းအတိုင်း နေ့စဉ်လဲလှယ် ပြီး ခံထား ပေးရင် ခြေသည်းဟာ
ရှေ့က အတားအဆီး လိုဖြစ်နေတဲ့ တစ်သျှူးအသားကို ကျော်လွန်ရှည်ထွက် သွားတဲ့ အခါ ခြေစွယ် ငုပ်တာလည်း ပျောက်ကင်းသွား မှာဖြစ်ပါတယ် ။

"လက်ကိုင်ဖုန်း နဲ့ ကင်ဆာရောဂါ"

လက်ကိုင်ဖုန်း နဲ့ ကင်ဆာရောဂါ

လက်ကိုင်ဖုန်း များသည် ဦးနှောက်ကင်ဆာ ရောဂါကို ရစေနိုင်ကြောင်း ပြောဆို ငြင်းခုန် မှုများသည် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ရှိခဲ့သည်။
အမှန်တော့ လက်ကိုင် ဖုန်းများသည် ဦးနှောက်ကင် ဆာရောဂါကို ဖြစ်စေနိုင်သော အကြောင်းပြချက် ကောင်းကောင်း မရှိပါ။ လက်ကိုင်ဖုန်း များမှ ထုတ်သော ရေဒီယို လှိုင်းများသည် ဟိုအရင်ကတည်းက အသုံးပြုခဲ့သော ပစ္စည်းများ ဥပမာ - ရေဒီယို ၊ တီဗွီ (ကြိမ်နှုန်း
အနည်းငယ် ပိုနိမ့် ) နှင့် မိုက်ခရို ဝေ့ မီးဖို ( ကြိမ်နှုန်း အနည်းငယ် ပိုမြင့် ) တို့က ထုတ်သော လှိုင်းများ နှင့် ဆင်တူပါသည် ။ ယင်းလှိုင်းများကို Non - ionising အမျိုးအစား ဟု ခေါ်ပြီး သူတို့က လူ့ခန္ဓာ ကိုယ်ဆဲလ် များကို မထိခိုက်စေပါ ။
ယင်းရောင်ခြည် လှိုင်းများသည် Ionising ဖြစ်စေရန် အတွက် လျှပ်စစ်သံလိုက် စက်ကွင်း သည် ဘီလီယံ ဆခန့် ပိုပြီး မြန်မြန် အတက်အကျ ဖြစ်ရန် လိုအပ်ပါသည်။ ဥပမာ - ဓါတ်ရောင်ခြည် ( X - ray radiation ) လိုမျိုးပါ ။
လျှပ်စစ် သံလိုက် စွမ်းအင်သည် အပူစွမ်းအင် ကို များစွာ ထုတ်လွှင့်ပေးပြီး ယင်း အပူက လူကိုယ် ခန္ဓာရှိ အစိတ်အပိုင်းများ ကို ထိခိုက်စေ နိုင်သည်မှာ မှန်ပါသည် ။ သို့သော် လက်ကိုင်ဖုန်း မှ ထုတ်လွှင့်ပေးသော အပူစွမ်းအားမှာ အလွန်နည်းလွန်း သဖြင့် လူ့ကိုယ်ခန္ဓာ ကို ထိခိုက်နိုင်ခြင်း မရှိပေ။
၂၀၀၁ ခုနှစ် တွင် အမေရိကန် အမျိုး သား ကင်ဆာရောဂါ ဌာနမှ သုတေသန ၂ ကြိမ် ပြုလုပ်ခဲ့ရာ လက်ကိုင် ဖုန်းသုံးခြင်း ဖြင့် အကျိတ် ဖြစ်ပေါ်စေမှု လုံးဝ မတွေ့ရှိရ ကြောင်း လူသိရှင်ကြား ထုတ်ဖော်ခဲ့သည် ။
သြစတြေးလျ ၊ ကနေဒါ ၊ ဒိန်းမတ် ၊ ဖင်လန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အစ္စရေး ၊ အီတလီ ၊ ဂျပန် ၊ နယူးဇီလန် ၊ နော်ဝေ ၊ ဆွီဒင် နှင့် ဗြိတိန် စသည့် ၁၃ နိုင်ငံ ပါဝင် ဖွဲ့စည်း ထားသည့် အပြည်ပြည် ဆိုင်ရာ ကင်ဆာ ရောဂါ သုတေသန အေဂျင်စီ အဖွဲ့ အစည်း ကလည်း ကင်ဆာ ဆဲလ်ကို စနစ်တကျ လေ့လာခဲ့ ကြရာ ရလာဒ်မှာ ယခင် အမျိုးသား ကင်ဆာ ဌာန၏ ရလာဒ် အဖြေနဲ့ သိပ်မကွာခြား လှပေ။ ဆဲလ် ဖုန်းသုံးစွဲ
ခြင်းဖြင့် ဦးနှောက်တွင် အကျိတ်ဖြစ်စေ နိုင်သော အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရှိရပေ။
လျှပ်စစ် သံလိုက် စက်ကွင်းနှင့် ကင်ဆာရောဂါ တို့သည် ဆက်စပ်နေသည်မှာ မှန်ပါသည် ။ သို့သော် လက်ကိုင်ဖုန်း နှင့် ကင်ဆာ ရောဂါတို့မှာ မူ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပေသည် ။
ထို့ကြောင့် လက်ကိုင် ဖုန်းကို သင့်အနေဖြင့် အမြဲတမ်း သုံးစွဲနေရမည် ဆိုပါက မည်သည့် အန္တရာယ် မှ မကျရောက်နိုင် သဖြင့် စိတ်ချ ယုံကြည်စွာ ဖြင့် သုံးစွဲနိုင် သည်ဟု ဆိုသည်။

Thursday, 25 June 2009

"ထူးတဲ့ အာလူး"

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုးခေတ်စားနေပါတယ်။ လူအများ စိတ်ဝင်စားလာအောင် စတင် ထုတ်ဖော် ဆော်သြခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင်တိုမီဇာ ဖြစ်ပါတယ်။ ထင်ပေါ် ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ အာလူးစိမ်းဖျော်ရည် ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အာလူးစိမ်းဖျော်ရည် ကြောင့် ရောဂါသက်သာပျောက်ကင်း သွားရတဲ့ လူနာတွေ၊ လူနာရှင်တွဆီက ကျေးဇူတင်ကြောင်း ပလူပျံသလို ရောက်လာတဲ့စာတွေကို အရှင်တိုမီဇာဝ လက်ခံ ရရှိခဲ့ပါတယ်။
ဆရာတော်က ‘ဒီနှစ်ထဲမှာ ကင်ဆာလူနာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကိုမှီဝဲဖြစ်ခဲ့ကြပြီး ပမာဏတော်တော်များများဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါတယ်။ အဲဒီအရည် တစ်ဖန်ခွက်ကနေ နှစ်ဖန်ခွက်အထိ နေ့စဉ်မှီဝဲသွားရင် အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပခုံးနာ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာတွေလည်း ရရှိထားကြောင်း သိရပါသည်။
သာဓကတစ်ခုပြုရင် မစ္စတာတီ ဆိုသူဟာ နားရွက်အောက်နားမှာ အဖုတစ်ခုပေါ်လာတာနဲ့ ဆေးရုံ သွားပြတော့ ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီးဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လည်း ကင်ဆာကလပ်စည်းတွေက အဆုတ်ထိတိုင်အောင် ပျံ့နှံ့သွားပါတယ်။ သက်ဆိုင်ရာဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေက ပျံ့နှံ့နေပြီဖြစ်လို့ ကုသလို့မရတော့ဘူးလို့ဆိုပါတယ်။ အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူး ဆိုပြီးသောက်ကြည့်တယ်။ အညွှန်းအတိုင်း နေ့စဉ် ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ်။ အခုဆိုရင် ကင်ဆာကလာပ်စည်းတွေ လျော့ကျ သွားပြီး ထိန်းချုပ် ထားနိုင်သွားတဲ့အတွက် ကျန်းမာရေးနဲ့ခွန်အား ပြန်ကောင်း လာပါတယ်။ မူလ အလုပ်အကိုင်လည်း ပြန်ပြီး လုပ်ကိုင် နိုင်ပါပြီ။
သုတေသီ တိုမီဇသက သူ့ရဲ့ 'ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း(The way to healthy life: Cancer not to be feared)ဆိုတဲ့စာအုပ်ထဲမှာ 'ကင်ဆာရောဂါကို ခွဲစိတ်ကုသခဲ့ သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာ ကလပ်စည်းတွေ ပျံ့နှံ့ကုန်ရပါတယ်။ သူဟာ ကင်ဆာဆေးတွေ အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြားရသလောက်ပါပဲ။ ‘ဒီအပြင် ပြင်းထန်တဲ့ကုထုံးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာကခံစားရပါသေးတယ်။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း၊ အားအင်ချည့်နဲ့လာခြင်းတို့ ဖြစ်လာရပါတယ်။ အာလူးအစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင် ပြည့်ဖြိုးလာတာ တွေ့ရပါတယ်။ အာလူးပင်ဟာပင်ကိုယ်က အာဟာရပြည့်ဝ နေတဲ့ အစာတစ်ခု ဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး။ သူကိုမှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာကလာပ်စည်းတွေကို ဟန့်တား စေပါတယ်။ ' လို့ဖော်ပြ ထားပါတယ်။
အာလူးစိမ်းဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံး နိုင်ပါတယ်။ ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့အာနိသင်ကို တွေ့ထိ ခံစား နိုင်ပါတယ်။ ‘ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက်သောက်ပြီးတာနဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေ တစ်စတစ်စ လျော့ပါးသွားပါမယ်။ ခံတွင်းပြန်ပြီး ကောင်းလာမယ်။ အသားအရေလည်း ပြန်ပြီး ကောင်းလာပါမယ်။
အာလူးစိမ်းဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့ နောက်တစ်ဦးကတော့ ဒေါက်တာကိုင်နိုရှိတ ဖြစ်ပါတယ်။ သူ့အဆိုတွေက အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းဆီက မဟာပထဝီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်းသိရပါတယ်။ အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့အများဆုံးပါဝင်ပါတယ်။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ်အနာပေါက်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ အတွက် ပေးရကြောင်း ဖော်ပြထားပါတယ်။
ကင်ဆာကလာပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတတက္ကသိုလ် ဆေးသုတေန ဌာနက ပါမောက္ခကာဂါမိ ကနေ ကင်ဆာကလာပ်စည်းကို ထိန်းချုပ်စေတဲ့ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။ အဲဒီဆေးနဲ့ ကြွက်ကလေးအပေါ်မှာစမ်းသပ်ကြည့်တဲ့အခါ အလားအလာ ကောင်းမွန်ကြောင်း တွေ့ရပါတယ်။ သူဟာသူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ(International Cancer Society Conference) မှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ပဲ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းက အလွန်လွယ်ကူပါတယ်။ အရွယ်တူ အာလူး(၃)လုံးကို ယူပြီးရေစင်အောင်ဆေးပါ။ အခွံကိုမနွှာရပါ။ အစို့ပေါက်လေးများ ရှိလျှင်ဖယ်ရှားပစ်ပါ။ ပြီးလျှင်အာလူးကို သခွားခြစ် ဖြင့် အစလေးများဖြစ်အောင်လုပ်ပါ။ ပြီးပါက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးနှင့်ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ။ အဲဒီအရည်ကို ခွက်ထဲမှာထည့်ပြီး အရသာကောင်းအောင် ပျားရည်နည်းနည်းရောစပ်ပြီး သောက်ပါ။ အဲဒီအာလူးရည်ကို နံနက်တိုင်း တစ်ခွက်နှုန်း သောက်ပေးနိုင်ပါတယ်။
ယနေ့ကာလခေတ်ကာလတွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျများ သောရောဂါ ဖြစ်ပါသည်။ ကင်ဆာရောဂါ ပျောက်ကင်း/သက်သာ စေသော တိုင်းရင်းဆေး/နိုင်ငံခြားဖြစ်ဆေးဝါးများလည်း အမြောက်အများ ပေါ်တွက်လျှက်ရှိပါသည်။ ဗုဒ္ဓဘာသာအရ ဆိုသော် ခန္ဓာရှိ၍ ဝေဒနာရှိခြင်း ပင်ဖြစ်ပါသည်။ မိမိပြုသော ကုသိုလ် အကုသိုလ် အစုစုတို့သည် သံသရာ၍ တဖန်ပြန်၍ လည်ပါတ်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဓါတ်ကျ စိတ်အားငယ်ခြင်း မဖြစ်ကြပဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံခိုင်စွာ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည် ဖြစ်သည်။ မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသောဆေးဝါးများ၊ ဆရာသမားများနှင့် တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်းပျောက်ကင်းချမ်းသာ နိုင်ပါသည်။
သို့ဖြစ်ရာ အထက်တွင်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည် သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့စားသုံးသော သဘာဝဓါတ်စာ ဖြစ်သည့် အတွက်ကြောင့် ဘေးထွက် ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒရှင်များ လက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤဆေးနည်းအား တဆင့် ပြန်လည် ဝေငှ၍ ကုသိုလ်ပြုပါသည်။

"ရောနှောမစားသင့်သည့် အစားအစာများ"

(ရောနှောမစားအပ်သည့် အစားအစာများကို အရှင်နာဂသိန် အခြေပြု ဆေးအဘိဓာန်မှ ကောက်နုတ်ယူကာ အောက်ပါအတိုင်း ဖော်ပြလိုပါသည်။ ယင်း အစားအစာများကို အချို့ က ရောနှောစားဖူးပါသည်။ သို့သော် ဘေးတစ်စုံတစ်ရာ မဖြစ်ပါဟု ပြောကောင်းပြောကြပါမည်။ တစ်စုံတစ်ရာသော ဥပဒ်ကို မကြုံတွေ့ရလင့်ကစား၊ နောင်တစ်ချိန်တွင် ဥပဒ် အန္တရယ်ဖြစ်နိုင်သည်ကို သတိတမံ၊ ဉာဏ်မြေကတုတ် ပြုလုပ်ရန်လိုအပ်ပါသည်။

“က”

ကကတစ်နှင့်ကြာဟင်း။
ကတိုးနှင့်သရက်သီး။
ကန်စွန်းမြစ်နှင့်နှမ်းမှုန့်။
ကုလားပဲနှင့်နွားနို့၊ နို့ချဉ်၊ နို့ရည်။
ကင်းပိတ်ရွက်နှင့် နှမ်းဆီ၊ နှမ်းမှုန့်၊ နှမ်းဖတ်ချဉ်၊ ပျားရည်၊ ဥသျှစ်သီး။
ကန့်ချုပ်နီနှင့် သေရည်သေရက်အမျိုးမျိုး။
ကုန်းကျေးနှင့်ပုစွန်။
ကုန်းငှက်သားနှင့်ကြက်ဆှူဆီ။
ကိုင်းဥနှင့် ပုစွန်ချဉ်။
ကောက်ညှင်းနှင့် ရေငန်းသီး။
ကျေးသားနှင့်ဘူးသီး။
ကျောက်ဖရုံနှင့် အိုးမဲ။
ကျွဲခေါင်းသီးနှင့် အချဉ်မျိုး။
ကျွဲနို့နှင့် ဖရုံသီး။
ကျွဲသားနှင့်ကြာစွယ်၊ ဆိတ်သား၊ ကြက်ဥ။
ကြက်ဆူဆီနှင့်ခါသား၊ ဖွတ်သား၊ ငှက်သား၊ ဘီလုံးငှက်၊ ဥဒေါင်းသား၊ဥမျိုး။
ကြက်သားနှင့် နိုးမျိုးချဉ်၊ အင်ဖူး။
ကြက်သွန်ဖြူနှင့် နို့ရည်၊ ပျားရည်။
ကြက်ဟင်းခါးသီးနှင့် မှို။
ကြက်ဥနှင့် ခံသီး။
ကြာစွယ်နှင့် ၀က်သား။
ကြာပဒုမ္မာစေနှင့် ငှက်တော်သား။
ကြေးခွက်နှင့် အချဉ်မျိုး။
ကြောင်လျှာသီးနှင့် ငါးသေတ္တာ၊ စပါးကြီးမြွေသား။
ကြံ့သားနှင့်ငါး။
ကြံတင်လဲနှင့် နှမ်းမှုန့်ဆုပ်။

“ခ”

ခရမ်းပိမ့်သီးနှင့် နို့ရည်။
ခရုနှင့်အမဲသား။
ခိုသားနှင့် ချင်းစိမ်း၊ ခြေလေးချောင်းသား၊ စောင်းလျားသီး၊ မုံညှင်းဆီ။
ရှောက်သီး၊ သင်္ဘောပွင့်။
ခံသီးနှင့် ငရုတ်ကောင်း၊ နိုးရည်။
ချင်းနှင့်သင်္ဘောပွင့်၊ သင်္ဘောသီး။
ချဉ်ဆီနှင့် ထောပတ်။
ချိုချဉ်သကြားလုံးနှင့် စိမ်းစားဥ။
ချီးသီးနှင့် နို့ရည်။
ချောကလက်နှင့်စောင်းလျား၊ ပဲမြစ်။
ခြေလေးချောင်းနှင့်ခရုသား။

“င”

ငါးကြင်းသားနှင့် ပဲရွက်။
ငါးချက်သောအိုးနှင့် ပိတ်ချင်းသီးရွက်၊ သမုံးရွက်၊ လမုံးမြစ်၊ ပျားရည်။
ငါးဆီ နှင့် ပိတ်ချင်းသီးရွက်။
ငါးနှင့်နို့မျိုး။
ငါးရံ့သားနှင့်ပွေးသား၊ မြွေသား။
ငုသီးနှင့် စောင်းလျားသီး။
ငှက်ပျောသီးစားပြီး ရေအေးသောက်ခြင်း၊ ငါးမျိုး၊ ထန်းရည်၊ နို့စိမ်း၊ ထန်းသီး၊နို့မျိုး အချဉ်အမျိုးမျိုး။
ငှက်သားနှင့်ဆေးရွှေ။
ငွေ နှင့်ရှိန်းခို။

"စ"

စတော်ဘယ်ရီနှင့် သီးသီး။
စသာမြစ်နှင့် သေအရက်မျိုး။
စိန်နှင့်သံပုရာသီး။
စိမ်းစာဥနှင့် ရေခဲချောင်း၊ ရှောက်သီး၊ သံပုရာသီး။
စောင်းလျားသီးနှင့် ငုသား၊ နို့ရည်၊ ရှောက်ချဉ်သီး။

“ဆ”

ဆင်သမနွယ်ရွက်နှင့် နို့ရည်၊ ပျားရည်။
ဆပ်ပြာနှင့် အချဉ်မျိုး။
ဆိတ်နို့နှင့် ငါးဆီ။
ဆပ်ပြာ-ပြာဆားနှင့် အချဉ်မျိုး။
ဆိတ်နို့နှင့် ဆူးပန်းရွက်။
ဆိတ်သားနှင့်ငါးဆီ၊ ပဲဒလက်စေ့။
ဆီကြည်နှင့် ဆီခဲစပ်တူ၊ ထောပတ်စပ်တူ။
ဆီခဲနှင့် ထောပတ်စပ်တူ။
ဆီနှင့်ဆီခဲစပ်တူ၊ ဘိန်း၊ သားငါးတို့၏အဆီ။
ဆူးပန်းရွက်နှင့်ဆိတ်နို့၊ ဆိတ်သား၊ ပဲဒလက်စေ့။
ဆေးခြောက်နှင့်နနွင်းရည်။
ဆောင်မေခါးရွက်နှင့် နို့ရည်၊ ပျားရည်။

“ည”

ညံရွက်နှင့် သေအရက်မျိုး။

“တ”

တလည်းသီးနှင့် နို့ရည်၊ တင်လဲနှင့် ကုလားမျက်စိပင်စောက်၊ နှမ်းမှုန့်ဆုတ်၊ ပဲကြီး၊ ပဲလွန်း၊ ပျားရည်၊
မတ်ပဲ၊ သေရည်သေရက်မျိုး။
တောပဲရိုင်းနှင့် နို့။

“ထ”

ထမင်းနှင့် ရွာဦးကန်ရေ၊ ထုံးရေတို့ ၌ဖြစ်သော ငါး-လိပ် အစရှိသည်နှင့် ပျားတင်လဲဆီ၊ နို့ရည် မုန်လာဥ၊
ကြာစွယ်ကြာပွင့်။
ထန်းရည်ချိုနှင့် ၀က်သား။
ထန်းလျက်နှင့် သပြေသီး။
ထန်းသီးနှင့် နို့မျိုးချဉ်။
ထောပတ်နှင့် ကြေးခွက်၊ ဆီခဲစပ်တူ၊ ပျားရည် စပ်တူ၊ သားငါးအဆီ။

“ဒ”

ဒန့်ဒလွန်နက်နှင့် နို့ရည်၊ ပျားရည်။
ဒုတ္ထာနှင့် အချဉ်မျိုး။
ဒူးရင်းသီးနှင့် ရှိန်းခို။
ဒေါင်းသားနှင့် နို့မျိုချဉ်၊ ပီလောပီနံဥ။

“န”

နနွင်းဆားနှင့် သင်္ကန်းဖွတ်ငှက်သား၊ မိကျောင်း၊ သေရည်သေရက်မျိုး။
နို့ခဲပျက်နှင့် ပဲဒလက်။
နို့ဓမ်းနှင့် နို့စိမ်းရည်။
နို့မျိုးနှင့် ဆား။
နို့မျိုးချဉ် နှင့် ပီလောပီနံဥ၊ ပေရည်၊ ၀က်သား၊ သားငါး။
နို့မျိုးနှင့် ငါး၊ နို့ဓမ်း၊ ဖရုံသီး၊ မရိုးစေး၊ မှို၊သေရည် သေရက်မျိုး၊ အချဉ်မျိုး၊ ဥမျိုး။
နို့ရည်နှင့် ငါး၊ ဆတ်သား၊ တောင်ပိန္နဲသီး၊ နှမ်းဖက်၊ပဒုမ္မာကြာရွက်နု၊ ပဲကြီး၊ပဲဒလက် ၊ပဲလွန်း၊
ပြောင်သား၊ မန်းကျည်းသီး၊ မုန်လာ၊ မျှစ်၊ မျောက်တည်သီး၊ ဂွေးရွက်၊ ဂွေးသီး ၊သံပုရာသီး၊ သားငါး၊
အုန်းသီး၊ ပျားရည်၊ ၊ကြက်သွန်ဖြူ၊ ကြောင်ပန်းရွက်၊ စစ်ကြီး၊ ဒန့်သလွန်နက်၊ မုံလာရုံးပင်။
နှမ်းဆီနှင့် နှမ်းမှုန့်။
နှမ်းမှုန့်ဆုပ်နှင့် သားဟင်းမျိုး၊ နို့ရည်၊ သေရည်သေရက်။

“ပ”

ပတဲကောနှင့် သံပုရာသီး။
ပဒုမ္မာကြာရွက်နုနှင့် ပျားရည်။ ဖန်ခါးသီး၊ ဗုံလုံသီး။
ပုန်းရည်နှင့် ဗျိုင်းနှမ်း၊ ဗျိုင်းအောက်။
ပိတ်ချင်းရွက်နှင့် ပျားရည်၊ သေအရက်မျိုး။
ပိန္နဲသီးနှင့် ပျားရည်။
ပီလောပီနံဥနှင့် ပျားရည်၊ ပေအူ၊
ပေရည်နှင့် ငှက်သား၊ ၀က်သား။
ပေအူနှင့် ၀က်သား။
ပဲကြီးနှင့် မုန်လာ။
ပဲဒလက်စေ့နှင့် ဆူပန်း၊ ၀က်သား။
ပဲလင်းမြွေသီးနှင့် လင်းမြွေသား။
ပျားရည်နှင့် သင်္ကန်းဖွတ် ငှက်သား။
ပျားရည်နှင့် မိုးရေ၊ မုန်လာမြစ်၊ ရေစပ်တူ၊ ရှားစောင်း၊ သေအရက်၊ အုန်းရည်၊ ဥသျှစ်သီး၊ သြဇာသီး၊
အရက်၊ သကြားပြား၊ ဆား၊ဆပ်ပြာနှင့် အချဉ်မျိုး။

“ဖ”

ဖရဲသီးနှင့် နို့မျိုး၊ ဥမျိုး။
ဖောင်စီးဂဏန်းနှင့် မှို။
ဖန်ခါးသီးနှင့် ပီလောပီနံဥ။

“ဗ”

ဗုံလုံသီးနှင့် ပီလောပီနံဥ။
ဗျိုင်းနှင့် ၀က်ဆီ။
ဗျိုင်းနှမ်းနှင့် သေရည်။
ဗျိုင်းအောက်သားနှင့် ၀က်ဒီ၊ သေရည်။

“မ”

မင်းကွတ်သီးနှင့် သကြား။
မဲဇလီဖူးရွက်နှင့် လက်ဖက်ပုပ်။
မတ်ပဲနှင့်မုန်လာဥ။
မုန်ညင်းဆီနှင့် သင်္ကန်းဖွတ်ငှက်သား။
မုန်လာဥနှင့် သားမျိုးခြောက်။
မဲနယ်အိုးနှင့် သားငါး။
မြင်းသားနှင့် ထုံး။
မြင်းသေမြက်နှင့် ဟုန်းနက်။
မှိုနှင့် ကြက်ဥ၊ ခံသီး၊ ငှက်ပျောသီး။

“ယ”

ယုန်သားနှင့် မှို။

“ရ”

ရိုးနီ ပီလောပီနံဥနှင့် အချဉ်မျိုး။
ရေငန်သီးနှင့် လက်ဖက်။
ရှားစောင်းချဉ်နှင့် အမဲသား။
ရှောက်ရွက်နှင့် နို့ရည်။
ရှောက်သီးနှင့် ပဲစိမ်းစာဥ။

“၀"

ဝါစေ့၊ ၀ါဆီ နှင့် သမင်သား။
ဝါးမျှစ်နှင့် အင်ဥ။

“သ”

သမုန်းရွက်မြစ်နှင့် အချဉ်ချက်သော အိုး။
သထွေးဥ နှင့် ဥဒေါင်းသား။
သစ်ကြာသီးနှင့် ၀က်မြေဇာဥ။
သည်းခြေနှင့် သားဟင်းမျိုး။
သံပုရာသီး နှင့် အက်(စ်)ပရိုဆေးပြား၊
သားငါးတို့၏ အဆီနှင့် ချဉ်ဆီ။
သားမျိုးဟင်းနှင့် နှမ်းမှုန့်ဆုပ်။
သေရက်မျိုးနှင့် သမုန်း၊ ဧကရာဇ်။

“ဟ”

ဟင်းငန်ရွက်နှင့် နှမ်းဖက်။

“အ”

အသားအချင်းချင်း။
အိမ်ဆီးချိုနှင့် နို့ရည်။

"စွမ်းဆန်ထဲ ကြွက်ချေးရောသည်"

"ဘက်ဟမ်းဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူ"
ဒေးဗစ်ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်းသိရသည်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်တွင် သားသုံးဦးနှင့်အတူ နေထိုင်လျက်ရှိသော ဘက်ဟမ်းတို့ဇနီးမောင်နှံမှာ ဗုဒ္ဓဘာသာအား နှစ်နှစ်ကာကာယုံကြည်ပြီး ယခုအခါ နံနက်တိုင်းတွင် ဘုရားဝတ်ပြုကာ အလွန်အလုပ်ရှုပ်ပြီး ဗာဟီရကိစ္စများပြားသော ၎င်းတို့၏ လူနေမှုဘ၀တွင် အေးချမ်းမှုရရှိအောင် ဆုတောင်းလျက်ရှိကြသည်။ အတွင်းသတင်းတစ်ခု၏ အဆိုအရ ကယ်လီဖိုးနီးယား ယဉ်ကျေးမှုနှင့် လုံးဝအသားကျနေပြီဖြစ်သော ဘက်ဟမ်းမောင်နှံမှာ ယခင်က ဘက်ဟမ်းဒူးဒဏ်ရာခံစားခဲ့ရစဉ်က ဝေဒနာမှသက်သာစေရန် ယောဂကျင့်စဉ်အား လေ့လာလိုက်စားခဲ့ပြီးနောက်ပိုင်း စိတ်ကိုတည်ငြိမ်အေးချမ်းစေသည့် ဗုဒ္ဓ၏လမ်းစဉ်များကို လက်ခံယုံကြည်ပြီး ကိုးကွယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဘက်ဟမ်းတို့မောင်နှံမှာ မနက်တိုင်း (၅)မိနစ်မျှ ဘုရားဝတ်ပြုကြပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း၊ ပညာဥာဏ်နှင့် ပြည့်ဝပါစေကြောင်း စသဖြင့် တောင်းဆုပြုနေကြသည်ဟုဆိုသည်။ ထို့အပြင် ဗစ်တိုးရီးယားဘက်ဟမ်းက အစာစားရာတွင် သတိနှင့်ခြုံငုံဆင်ခြင်ပြီး တရားအမှတ်နှင့် စားသောက်သည့် အကျင့်မျိုးကို သူမ၏ကျန်းမာရေးအတွက် အလေ့အကျင့်ပြုလုပ်သွားမည်ဟု ၀န်ခံသွားသည်။ ဗြိတိန်နိုင်ငံထုတ် Look မဂ္ဂဇင်းကြီးတွင် ရေးသားဖော်ပြထားချက်အရ
အသက်(၃၄)နှစ်အရွယ် Spice Girls အဖွဲ့ဝင်ဟောင်းသည် မဟာဗောဓိ စာအုပ်ဆိုင်မှ တရားအမှတ်နှင့် စားသောက်မှုပုံစံအကြောင်း ရေးသားထားသည့် စာအုပ်တစ်အုပ်ကို ဒေါ်လာရာဂဏန်းမျှနှင့် ၀ယ်ယူလေ့လာနေကြောင်း သိရသည်။ ထို့အပြင် ဘက်ဟမ်းမောင်နှံမှာ ဗုဒ္ဓလမ်းစဉ်များကို ပိုမိုသိရှိနားလည်နိုင်စေရန် တရုတ်ရိုးရာ ဖန်ရှူး ဓမ္မဆရာများထံ နည်းယူဆည်းကပ်သွားမည်ဟု ဆိုသည်။ ၎င်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်း၏အဆိုအရ ဘက်ဟမ်းတို့မှာ ဖန်ရှူး ဓမ္မလမ်းစဉ်များကို ကျင့်သုံးခြင်းဖြင့် ဒေးဗစ်ဘက်ဟမ်းအနေဖြင့် ဘောလုံးကွင်းအတွင်း ပိုမိုအောင်မြင်မှုရရှိမည်ဖြစ်သလို လူနေမှုဘ၀တွင်လည်း ပျော်ရွှင်ချမ်မြေ့မှု သုခကိုခံစားရမည်ဟု ယုံကြည်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာတွေ ခေတ်မှီတာလား ... ဘာသာရေးကို မထီမဲ့မြင်လုပ်နေတာလား???? ခင်ဗျားတို့ ကြားဖူးပြီးသား ဖြစ်ကြမှာပါ။
တစ်ခါက အလွန့်အလွန် နာမည်ကြီးတဲ့ ကျမ်းပြု ဆရာတော် တစ်ပါးက တရားဟောရင်း စကားတစ်ခွန်း ထည့်ပြော သွားပါတယ်။
“မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အဖရိကနိုင်ငံတွေနဲ့ သူမသာ ကိုယ်မသာဖြစ်မှာပဲ” ဆိုတဲ့ စကားလေ။
ဒါကိုတော့ ခင်ဗျားတို့ သေချာပေါက်ကြားဖူးတယ်။ ရဲလေးနဲ့ ကြက်ဖတို့ဆိုထားတဲ့သီချင်းကို တရားလုပ်ဆိုထားတာ။
ဂန္ထ၀င်ရည်းစာစာ ဆိုပြီး ထွက်လာပြန်ပါရော။ဆိုတဲ့သူကလည်း မကြောက်။ နားထောင်တဲ့သူကလည်း မကြောက်။ ကျွန်တော်တို့ ဘုရားရှင်က
သိက္ခာပုဒ်တွေကို ပညတ်ခဲ့ရာမှာ လောကအပြစ်နဲ့ မလွတ်တဲ့ အပြစ်တွေကိုလည်း သိက္ခာပုဒ်အနေနဲ့ သတ်မှတ်ခဲ့ ပါတယ်။ ဒါတွေဟာ ဒီလိုလုပ်တာဟာ လောကအပြစ်ပါ။ ဘာသာခြားတွေ ဟားတိုက်စရာ။ လှောင်ပြောင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ
ကိုယ့်ဘာသာတရားကို ကပျက်ကချော်လုပ်ရဲတယ်။ ဒီဘာသာဟာ နဂိုရ်ကတည်းက ဘာမှအဓိပ္ပါယ်မရှိ ဖွဲ့စည်းထားတဲ့ ဘာသာဖြစ်မှာပါပဲလို့ ထင်မြင်သွားစရာဖြစ်ပါတယ်။ အဲဒီသီချင်းတွေက တရားဝင်ဖြန့်တာ မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ဒါပေမယ့် တရားဝင်ထွက်လာတဲ့ ခွေက မေတ္တာပို့ ကိုဒီဂျေပွတ်တာပါ။ ရင်နာစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကသာ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီး လိုက်ကြပါပြီ။ မာတာပိတု အာစရိယ ဉာတိမိတ္တသမူဟာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု စတာတွကို ဒီဂျေပွတ်ပစ်တာပါ။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း။ ဆရာသည်လည်းကောင်း ၊ ဆွေမျိုးသည်လည်းကောင်း၊ မိတ်ဆွေသည်လည်းကောင်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဘေးရန်ကင်းပါစေ ဆိုတာကို ခင်ဗျားတို့ ကလို့ရတယ်ပေါ့။ ခပ်မှိန်မှိန်အပြာရောင်မီးအောက် မှာ မူးမူးရူးရူးတစ်ယောက်ကိုတစ်ယောက် လူမှန်းမသိအောင်မူးရင်း ဖက်နမ်းပြီး ကရဲကြတယ်ပေါ့။ အဲဒီသီချင်းကို အနုပညာ လို့ ခေါ်ရဲတယ်ပေါ့။ အဲဒီပညာတွေကို။ ခေတ်မီတယ်ပေါ့။ ဗုဒ္ဓဘာသာကို
ပြန်ဖျက်ဆီးကြတာ ပျော်စရာကောင်းတယ်ပေါ့။ မစိုးရိမ်ဆရာတော်ဘုရားကြီး ပြောလေ့ရှိတဲ့ စကားက “မင်းတို့က မတောက်တခေါက် အတွေးအခေါ်တွေနဲ့ ဖင်ခေါင်းက သိပ်ကျယ်ချင်ကြတာ” လို့ ကျွန်တော် ပြန်ပြောရင်တောင် ကျွန်တော်က
ယဉ်ကျေးပါသေးတယ်။ ခင်ဗျားတို့က မအေကိုင်တုတ်မှ ရိုင်းတယ်လို့ ထင်နေကြတာပေါ့။ မြန်မာနိုင်ငံက အနုပညာရှင်တွေ သူတို့ကိုသူတို့ အနုပညာရှင်လို့ ပြန်ခေါ်ရဲတာ အံ့တယ်။ သီချင်းတစ်ပုဒ်က “ဘုန်းကြီးဝတ်သွား” တဲ့။ ဟုတ်လား။ ဆိုစရာ ရှားနေရင် သူတောင်းစားလုပ်စားလို့ ရတယ်။ မြန်မာတွေ ထွင်ထားတဲ့ စကားပုံတစ်ပုံရှိတယ်။ “ထမင်းငတ်လို့ မသေပါဘူး” တဲ့။ အရေးထဲ မန္တလေးသင်္ကြန်မှာ ချစ်သုဝေက ပြောသွားသေးတယ်။ “ကိုယ်တော်တွေ ရရင် လိုက်ဆိုလို့ရတယ်” တဲ့။ စန္ဒီမြင့်လွင်က
“အများကြီးပဲ ကိုယ်တော်တွေ” တဲ့။ အများကြီးပဲ အဆိုတော်တွေ ပြောသွားတဲ့ စကားတွေ။ မြန်မာနိုင်ငံမှာ ရဟန်းပေါင်း ငါးသိန်းကျော်တယ်။ မဟုတ်တာလုပ်နေတဲ့ ကိုယ်တော်တွေ တစ်သောင်း မပြည့်ပါဘူး။ စာသင်နေတဲ့ စာချနေတဲ့ တရားထိုင်နေတဲ့ ကိုယ်တော်တွေကို လိုက်မကြည့်ဘဲ ပုထုဇန်သဘာဝအရ မရင့်ကျက်သေးတဲ့ ကိုယ်တော်တွေကို လိုက်ကြည့်ပြီး
အပြစ်ပြောချင်နေတယ်။ ဘုန်းကြီးဝတ်သွားဆိုတဲ့ စာသားကို မြန်မာ့ဂီတအစည်းအရုံးကလည်း ထုတ်ခွင့်ပေးတာ အံ့ပါတယ်။ ဆင်ပေါက်ထက် ဂျောက်ဂျက်ကမှ ယဉ်ကျေးပါသေးတယ်။ ဒီသီချင်းတွေကို ကျွန်တော့်ထက် ခင်ဗျားတို့ ပိုကြားဖူးမှာပါ။ အထက်ပါ ကျမ်းပြုဆရာတော်ဟာ အထက်ပါစကားကို ပြောသွားခဲ့တာ နှစ်ပေါင်း ငါးဆယ်ကျော်သွားပါပြီ။ ဆရာတော်ဘုရား သိပ်မှန်တယ်။ “မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အဖရိကနိုင်ငံနဲ့ သူမသာ ကိုယ်မသာဖြစ်နေမှာပဲ”
ဒီပို့စ် လေးကို ဖက်ပြီး ဘာသာတရားကို အရင်ကထက် ပိုပြီးကိုင်းရှိုင်းနိုင်သူတစ်ယောက် ဖြစ်လာလိမ်မယ်လို့ မျှော်လင့်ပါတယ်....