Monday, 1 March 2010

"ဗိုက်ချပ်ချင်ပါက မစားသင့်သော အစားအသောက်များ"

ဗိုက်မှာ အဆီပိုတွေ ရှိတာဟာ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နှုန်းမြင့်မားကြောင်း အမေရိကန်ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။ အမျိုးသားတွေမှာ ဗိုက်အဆီပိုရှိပြီး ဗိုက်ပူနေရင်

နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အမျိုးအစား ( ၂ ) ဆီးချို သွေးချိုရောဂါ နဲ့ ကင်ဆာ ရောဂါ အမျိုးမျိုးရဲ့ အန္တရာယ်မြင့်မား ကြောင်း လေ့လာမှုများစွာက ဆိုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်ဗိုက်ချပ် ရပ်အောင် လျှော့ချနေသူများ အနေနဲ့ မစားသင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အချိုရည်
အဆီလျှော့ချချင်ရင် ကယ်လိုရီရယူမှုကို စောင့်ကြည့်ဖို့လိုပါတယ်။ ဆိုဒါအချိုရည် ၊ အယ်လ်ကိုဟော ပါတဲ့ အရည်တွေ မှာ ကယ်လိုရီတွေ ပါဝင်နေတဲ့ အတွက် ဗိုက်ချပ်ရပ်ချင်ရင် မသောက်ပါနဲ့။

၂။ အဆင်သင့် အစားအစာ
အဆီလျော့ကျချင်လို့ ကယ်လိုရီလျှော့ချတဲ့အခါ အဆင်သင့်ရတဲ့ အမြန်စာနဲ့ အချိုသရေစာတွေကို ရှောင်ပါ။ ဒီအဆင်သင့် အစားအစာတွေမှာ ကယ်လိုရီပါဝင်မှုဖြင့် မြင့်မားပြီး အာဟာရ တန်ဖိုးနည်းပါးတတ်ပါတယ်။

၃။ ဆိုဒီယမ်
ဆိုဒီယမ် ပါတဲ့ အစားအသောက်တွေကို များများ စားတာဟာ ဗိုက်ထဲမှာ ရေဓာတ်စု နေတတ်ပါတယ်။ ဒါကြောင့် ဗိုက်သားချပ်ရပ်ဖို့ ကြိုးစားနေရင် ဆိုဒီယမ် ပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။

"လိပ်ခေါင်းရောဂါ အကြောင်း"

လိပ်ခေါင်းရောဂါဆိုတာ အကြောင်းတစ်ခုခုကြောင့် စအိုနဲ့ စအိုဝမှာရှိတဲ့ (retum and anal ) သွေးပြန်ကြောလေးတွေ ယောက်ယမ်းဖောင်းကားလာတာပါ ။ သွေးကြောဖုလေးက ၀မ်းသွားတဲ့ အခါ ၀င်လိုက်ထွက်လိုက်နဲ့ လိပ်ရဲ့ဦးခေါင်းလိုဖြစ်နေလို့ လိပ်ခေါင်းလို့ ခေါ်တာပါ။

အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ စအိုအောင်ပိုင်းမှာရှိတဲ့ သွေးကြောလေးတွေ အတွင်းမှာ Pressure တက်လာတဲ့ အတွက်ဖြစ်တာပါ။ ၀မ်းချုပ်တဲ့ အလေ့အကျင့် ရှိတဲ့သူတွေ၊ ကြာရှည်စွာ မတ်တပ်ရပ်နေရာသူများ၊ အထိုင်များသူများ၊ အ၀လွန်တဲ့ သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်တက်ပါတယ်။ တခြားအကြောင်းကြောင့်ဖြစ်တက်တာလဲ ဖြစ်ပါသေးတယ်။ တွေ့ရတက်တဲ့ ရောဂါလက္ခဏာတွေကတော့ ၀မ်းသွားတဲ့ အခါ စအိုကနေ သွေးကျလာတာပါပဲ။ ၀မ်းသွားပြီးတဲ့ အခါ အိမ်သာအိုးမှာပဲဖြစ်ဖြစ်၊ စက္ကူမှာပဲဖြစ်ဖြစ် သတိထားမိနိုင်ပါတယ်။ ၀မ်းသွားပြီးရင်လဲ ကုန်တယ်လို့ မခံစားရပဲ စအိုဝမှာတစ်ဆို့တစ်ဆို့နဲ့ခံစားရတက်ပါတယ်။
လိပ်ခေါင်းကို အကြမ်းဖျင်းအားဖြင့် အတွင်းလိပ်ခေါင်း နဲ့ အပြင်လိပ်ခေါင်း ( External & Internal Hemorrhoid ) ဆိုပြီး ၂ မျိုးခွဲထားနိုင်ပါတယ်။
အပြင်လိပ်ခေါင်းးကတော့ စအိုအ၀မှာဖြစ်တာဖြစ်ပြီး စအိုအ၀မှာ ယားယံတာ ၊ ရောင်တာတွေဖြစ်တက်ပါတယ်။ အတွင်းလိပ်ခေါင်းကတော့ စအိုအတွင်းပိုင်းမှာဖြစ်တာဖြစ်ပြီး မနာကျင်တက်ပဲ လူနာတွေကိုယ်တိုင် သတိမထားမိတက်ကြပါဘူး။
လိပ်ခေါင်းကို မကုပဲထားမယ်ဆိုရင် စအိုအပြင်ဘက်ကို ကျွံကျလာနိုင်ပါတယ် ( prolapase pile ) နောက်ဆက်တွဲ ပြသနာတွေဖြစ်တဲ့ လိပ်ခေါင်းအဖုအတွင် သွေးခဲခြင်း ( thrombosed hemorrhoid ) နဲ့ သွေးလည်ပတ်မှုနည်းလို့ လိပ်ခေါင်းအဖု ပုပ်သွားခြင်း ( strangulated hemorrhoid )တို့ ဖြစ်သွားနိုင်ပါတယ်။ အဲဒီကနေ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ရောဂါပိုးဝင်သွားနိုင်ပါတယ်။

ရောဂါအနုအရင်ပေါ်မူတည်ပြီးတော့ အဆင့် ၄ ဆင့် ခွဲခြားနိုင်ပါတယ်။
Grade 1 ၀မ်းသွားတဲ့ အခါသွေးပါလာတာပဲရှိပါမယ်။
Grade 2 ၀မ်းသွားတဲ့ အခါ စအိုဝကနေ အဖုထွက်လာပါမယ်။ ၀မ်းသွားပြီးရင်ချက်ခြင်းပြန်ဝင်သွားပါမယ်။
Grade 3 ၀မ်းသွားတဲ့ အခါ ၀မ်းသွားတဲ့ အခါ စအိုဝကနေ အဖုထွက်လာပါမယ်။
သူ့ဘာသာသူပြန်မ၀င်တော့ပါဘူး။ လက်နဲ့ပြန်သွင်းပေးရပါမယ်။
Grade 4 လိပ်ခေါင်းအဖုက စအိုအပြင်ဖက်ကိုထွက်နေပြီး ပြန်သွင်းလို့မရတော့ပါဘူး။

ကျွန်တော်တို့ ရောဂါဖြစ်လာပြီဆိုဘာလုပ်ကြမလဲ …။
ဒါတွေကိုလိုက်နာရပါမယ်။
ရောဂါနုစဉ်မှာ
ဝမ်းချုပ်မခံပါနှင့် ၊ ၀မ်းမချုပ်အောင်နေပါ။
လိုအပ်ပါက ၀မ်းပျော့ဆေး အနည်းငယ် အသုံပြုနိုင်ပါတယ်။
ပုံမှန် အိမ်သာတက်သောအကျင့် ကိုလုပ်ပါ။
အိမ်သာထဲမှာ အကြာကြီးမထိုင်ပါနဲ့ ။ ဖြစ်နိုင်လျှင် ဘိုထိုင် အိမ်သာကို အသုံပြုပါ။
ရေများများသောက်ပါ။
အမျှင်ပါတဲ့ အသီးအရွက်များများစားပါ။
ကြာရှည်စွာ မတ်တပ်ရပ်ခြင်း ၊ ထိုင်ခြင်း မလုပ်ပါနဲ့။

အများစုကတော့ ဒါတွေကို လိုက်နာလိုက်ရင် သက်သာသွားကြပါတယ်။
တကယ်လို့ ရောဂါနည်းနည်းရင့်လို့ရှိရင်တော့ ကုသမယ့် ဆရာဝန်က ရောဂါအခြေအနေပေါ်လိုက်ပြီး ကုသနည်းစနစ်ကို ရွေးချယ်ပါလိမ့်မယ်။

ကုသနည်းတချို့ကို ဗဟုသုတအနေနဲ့ ကျနော် အကြမ်းဖျင်းပြောပြပါမယ်။
သွေးကြောနံရံတွေရဲ့  ညစ်အား (blood vessel's wall tone ) ကိုတက်စေမယ့် ဆေးတွေပေးလို့ရပါတယ ။
ကျနော်တို့ ရပ်ကွက်ထဲမှာကြားဖူးတာကတော့ သားရေပင်ပစ်တာပေါ့ ။ ( Rubber Band Ligation ) တကယ်တော့ အဲဒါက လိပ်ခေါင်းအဖုရဲ့ အညှာကို သားရေပင်နဲ့ စီးထားလိုက်တာပါ။ လိပ်ခေါင်းအဖုက ခြောက်ပြီးသူ့ဘာသာသူကြွေကျသွားပါတယ် ။
Sclerotherapy လို့ခေါ်တဲ့ လိပ်ခေါင်းအဖုကသွေးကြောထုံးထဲကို ထိုးထဲ့ပြီး အဖုကို ရှုံကပ်သွားစေတဲ့နည်း၊ Cryotherapy , Laser , Infrared or BICAP Coagulation စသည်ဖြင့် ကုသနည်းမျိုးစုံရှိပါတယ်။ ရောဂါရင့်နေရင်တော့ Hemorrhoidectomy လို့ ခေါ်တဲ့ လိပ်ခေါင်းသွေးကြောထုံးကိုခွဲစိတ်ပြီး ဖြတ်တောက်ပေးရပါမယ်။

စအိုဝက ၀မ်းသွားရင် သွေးပါတဲ့တာ လိပ်ခေါင်းတစ်ခုတည်းမှ မဟုတ်ပါဘူး။ တခြားရောဂါတွေလဲဖြစ်နိုင်ပါသေးတယ်။ ကျနော်တို့အနေနဲ့ လိပ်ခေါင်းမဖြစ်အောင်ဘာတွေရှောင်ရှားရမယ်၊ ကြုံလာခဲ့လို့ရှိရင်လဲ ဘာလိုဆင်ခြင်နေထိုင်ရမယ်ဆိုတာကို အခုဆိုသိသွားလောက်ပါပြီ။
ရောဂါတစ်ခုဖြစ်လာလို့ ရှက်လို့ ဒီအတိုင်းခံစားနေမယ့်အစား ရောဂါမဆိုးခင် တက်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသတိုင်ပင်ပြီး အချိန်မှီကုသမှူခံယူရင်း ကျန်းမာပျော်ရွှင်တဲ့ ဘ၀မျိုးပိုင်ဆိုင်ကြပါစို့လို့ ဒီနေရာကတိုက်တွန်းလိုက်ရပါတယ် ။
လိပ်ခေါင်းရောဂါအတွက်ဆိုရင်တော့
၁။ ရေများများသောက်ပါ
၂။ အမှင်ဓါတ်ပါသော အစာစားပါ။ (ဥပမာ- အသီးအရွက်)
၃။ ကြာကြာမထိုင်ရပါ၊ ကြာကြာမတ်တတ်မရပ်ရပါ။
၎။ လမ်းလျှောက်ပါ။
၅၊ ၀မ်းမချုပ်အောင်နေရပါမယ်။
လိပ်ခေါင်းရောဂါ မရင့်သေးဘူးဆိုရင်တော့ သက်သာသွားတာများပါတယ်။

Tuesday, 30 June 2009

"နို့တိုက်ခြင်း အားဖြင့် မိခင်များ နှလုံးရောဂါ ကင်းဝေးနိုင်"

ကလေး ငယ်များကို နို့တိုက်ကျွေးခြင်းဖြင့် ကျန်းမာရေးနှင့် ပတ်သတ်၍ ကလေးငယ်များအတွက် အကျိုးများစွာ ရရှိမှုအပြင် မိခင်ဖြစ်သူ အနေဖြင့်လည်း နှလုံးရောဂါ ဖြစ်နိုင်ခြေ လျေားပါးကြောင်း ထပ်မံတွေ့ရှိရတယ်လို့ ဆိုပါတယ်။ မိခင်နို့စို့ခြင်းဖြင့် ကလေးငယ်များအား အ၀လွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ ရင်ကျပ်ပန်းနာရောဂါနှင့် တကွ နား၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ရောဂါပိုးမွှားများ ၀င်ရောက်စွဲကပ်ခြင်းတို့မှ အကာအကွယ်ပေးသည်။ ထို့ပြင် နို့တိုက်မိခင်များ အဖို့လည်း ကျန်မာရေး အခြေအနေကောင်းများ ရရှိပါတယ်။နို့တိုက်မိခင်များမှ ကလေးငယ်များကို နို့ချိုတိုက်ကျွေးပြုစု ပေးရသည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ အဆီများ လျော့ပါးသွားစေပြီး နှလုံးရောဂါနှင့် လေဖြတ်မည့် အန္တရာယ်ကိုလည်း နည်းပါစေပါတယ်။ အနည်းဆုံး တစ်လကြာ နို့ချိုတိုက်ကျွေးလျှင် ဆီးချိုသွေးချိုရောဂါ၊ သွေားပေါင်ချိန်မြင့်ခြင်းနှင့် ကိုလက်စထရောများခြင်း လျော့ပါးစေနိုင်ပြီး တစ်နှစ်ထက်ပို၍ နို့တိုက်လျှင် နှလုံးသွေားကြောဆိုင်ရာ ရောဂါဖြစ်နိုင်သည့် အကြောင်းအရင်း ၁၀ % လျော့နည်းမှာဖြစ်ပါတယ်။ မိခင်နို့ကို ကလေးငယ်အား ပိုမိုအချိန်ကြာကြာ တိုက်ကျွေးလေ မိခင်ရော ကလေးငယ်ပါ ကျန်းမာသည်ဟု သိပ္ပံ ပညာရှင်များက ကောက်ချက်ချထားပါတယ်။

"သားသားလေးလား မီးမီးလေးလား"

ယောင်္ကျားလေးရအောင်...မိန်းကလေးရအောင်.. ဆက်ဆံတဲ့နည်းရှိပါတယ်တဲ့ ( နားနဲ့မနာ၊ဖ၀ါးနဲ့နာပါနော်။
ကျန်းမားရေးကဏ္ဍမှာဆေးပညာအနေနဲ့ ဗဟုသုတ၀င်ဆွေးနွေးတာပါ။ တော်ယုံမသိတဲ့သူများနေလို့ပါ၊)

အဲဒါကတော့ အိမ်ထောင်ဖက်အမျိုးသားက အရင်ဆုံး ပြီးအောင်ဆက်ဆံလိုက်ရင်..မိန်းကလေးမွေးပါတယ်..
အိမ်ထောင်ဖက်အမျိုးသမီးက အရင်ဆုံးပြီးအောင်ဆက်ဆံရင်တော့ ယောင်္ကျားလေး မွေးလာပါတယ်။
(94%)သေချာပါတယ်တဲ့။ သေချာ Research လုပ်ထားတာပါတဲ့။

Sunday, 28 June 2009

"မိမိထက် အသက်ငယ်သော မိန်းမယူပါက ယောက်ျားများ အသက်ရှည်စေနိုင်"

ဂျာမနီ တက္ကသိုလ် ရဲ့ လေ့လာမှု တစ်ရပ်အရ အမျိုသားတွေ အနေနဲ့ မိမိထက် အသက် ၇ နှစ် - ၉ နှစ်ငယ်တဲ့ မိန်းမကို လက်ထပ်ထားရင် အရွယ်မတိုင်ခင် သေဆုံးနိုင်တဲ့ အန္တရာယ်ကို ၁၁ ရာခိုင်နှုန်း လျော့နည်းစေကြောင်း ၊ အမျိုးသားတွေရဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်တဲ့ အန္တရာယ်စာ သူ့ထက် ၁၅ - ၁၇ နှစ် ပိုငယ်တဲ့
ဇနီးရှိနေပါက ၂၀ ရာခိုင်နှုန်း လျော့နည်းတတ်ကြောင်း ဆိုပါတယ် ။ ဒါဟာ အ၇ွယ်ငယ်တဲ့ မိန်းမတွေဟာ ခင်ပွန်းသည်ကို ကောင်းမွန်စွာ ပြုစုတာကြောင့် အသက်
ရှည်ရှည် နေရတာ ဖြစ်နိုင်ကြောင်း ယင်းတက္ကသိုလ်က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ် ။ ဒါပေမဲ့ အမျိုးသမီးတွေ အတွက်တော့ ငယ်ရွယ်တဲ့သူ ဒါမှမဟုတ်
ဦးဦး အရွယ်ရှိသူတွေကို လက်ထပ်တဲ့ အတွက် တူညီတဲ့ ကောင်းကျို မရနိုင်ပါဘူးလို့ လေ့လာမှုက ဆိုပါတယ် ။ အသက် ၇ - ၉ နှစ် ငယ်တဲ့ ဒါမှမဟုတ် ကြီးတဲ့ ခင်ပွန်း ရှိသူ အမျိုးသမီးတွေမှာ တော့ စောစောစီးစီး အသက်သေဆုံးနိုင်တဲ့ အန္တရာယ်ဟာ ၂၀ ရာခိုင်နှုန်း မြင့်တက်နေပါတယ်တဲ့ ။ ဒီလေ့လာမှု ရလာဒ်ဟာ ၁၉၉၀ နဲ့
၂၀၀၅ ခုနှစ်ကြား သေဆုံးသူတွေကို စစ်တမ်းကောက်ခဲ့ရာက ရရှိခဲ့တာ ဖြစ်ပါတယ် ။

"ပဲပင်ပေါက်နဲ့ ကျန်းမာရေး"

ပဲပင်ပေါက်စားခြင်းဟာ ကျန်းမာရေးကို လွန်စွာအထောက်အကူပြုနိုင်ပါသည်။ပဲပင်ပေါက်စြားခြင်းကြောင့် နှာခေါင်းသွေးလျှံခြင်း၊ မျက်စီအားနည်းခြင်း၊ သွေးအားနည်းခြင်း၊ သွေးတက်ခြင်း၊ အပူကန်ခြင်း နှင်း အပူနှင့်ပတ်သတ်သောရောဂါများကို ပျောက်ကင်းစေနိုင်ပါသည

"နံနက်စာစားရင် ခန္ဓာကိုယ်လှလှလေးဖြစ်သတဲ့"

မနက်စာစားတာဟာ ကိုယ်လုံးအလှထိန်းသိမ်းရန် အဓိကသော့ချက်ဖြစ်ပါတယ်။ လွန်ခဲ့သော ၅ နှစ်အတွင်း လူပေါင်း ၇ဝဝဝ အား လေ့လာချက်အရ သုတေသီများတွေ့လာခဲ့တာကတော့ မနက်စာမှန်မှန်စားတဲ့လူတွေဟာ အချိန်ကာလာတခုကျော်လွန်ပြီးနောက် ကိုယ်အလေးချိန်ပမာဏ အနည်းဆုံးရှိကြကြောင်း တွေ့ရှိလာခဲ့ပါတယ်။ ( ခြုံငုံကြည့်ရလျှင် မနက်စာမစားသောသူတွေထက် အစာပိုစားသုံးပေမယ့်လည်း ) သင်စားသုံးတဲ့ နံနက်စာဟာ အကြာ်အလှော်တွေချည်း နေ့တိုင်းစားရင်တော့ ကိုယ်လုံးလှမှာ မဟုတ်ပါ။ ဆန်ပြုတ် သို့မဟုတ် သစ်သီးစားတာကတော့ ခန္ဓာကိုယ်သွယ်လျဖို့ အကောင်းဆုံးအစာဖြစ်ပါတယ်။