ဗိုက်မှာ အဆီပိုတွေ ရှိတာဟာ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နှုန်းမြင့်မားကြောင်း အမေရိကန်ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။ အမျိုးသားတွေမှာ ဗိုက်အဆီပိုရှိပြီး ဗိုက်ပူနေရင်
နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အမျိုးအစား ( ၂ ) ဆီးချို သွေးချိုရောဂါ နဲ့ ကင်ဆာ ရောဂါ အမျိုးမျိုးရဲ့ အန္တရာယ်မြင့်မား ကြောင်း လေ့လာမှုများစွာက ဆိုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်ဗိုက်ချပ် ရပ်အောင် လျှော့ချနေသူများ အနေနဲ့ မစားသင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အချိုရည်
အဆီလျှော့ချချင်ရင် ကယ်လိုရီရယူမှုကို စောင့်ကြည့်ဖို့လိုပါတယ်။ ဆိုဒါအချိုရည် ၊ အယ်လ်ကိုဟော ပါတဲ့ အရည်တွေ မှာ ကယ်လိုရီတွေ ပါဝင်နေတဲ့ အတွက် ဗိုက်ချပ်ရပ်ချင်ရင် မသောက်ပါနဲ့။
၂။ အဆင်သင့် အစားအစာ
အဆီလျော့ကျချင်လို့ ကယ်လိုရီလျှော့ချတဲ့အခါ အဆင်သင့်ရတဲ့ အမြန်စာနဲ့ အချိုသရေစာတွေကို ရှောင်ပါ။ ဒီအဆင်သင့် အစားအစာတွေမှာ ကယ်လိုရီပါဝင်မှုဖြင့် မြင့်မားပြီး အာဟာရ တန်ဖိုးနည်းပါးတတ်ပါတယ်။
၃။ ဆိုဒီယမ်
ဆိုဒီယမ် ပါတဲ့ အစားအသောက်တွေကို များများ စားတာဟာ ဗိုက်ထဲမှာ ရေဓာတ်စု နေတတ်ပါတယ်။ ဒါကြောင့် ဗိုက်သားချပ်ရပ်ဖို့ ကြိုးစားနေရင် ဆိုဒီယမ် ပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။
ပြက္ခဒိန်
ပို့(စ်)များ
Monday, 1 March 2010
Subscribe to:
Post Comments (Atom)
"ဗိုက်ချပ်ချင်ပါက မစားသင့်သော အစားအသောက်များ"

နာရီ
ချစ်သူသိရန်
ရွှေကျင်သားနှင့် ဧပရယ်ချစ်သူ စုံတွဲလေးသည် ၂၅.၅.၂၀၀၈ ရက်နေ့တွင် ချစ်သူ ဖြစ်ခဲကြသည်။ ယခုအချိန်တွင် ချစ်သူသက်တမ်း ၁ နှစ်ကျော်ခဲ့ပါပြီ။ ရွှေကျင်သားသည် သူ၏ ချစ်သူ ဧပရယ်ချစ်သူအား ဘယ်နေရာ ဘယ်အချိန် ဘယ်အချိန်တွေ ဘာတွေ လုပ်လုပ် သတိရနေသလို ဧပရယ်ချစ်သူမှာလည်း သူ၏ ချစ်သူ ရွှေကျင်သားအား အနားမှာမရှိရင် မနေတက်သလောက်ကို ချစ်နေခဲ့သည်။ ဧပရယ်ချစ်သူမှာ တစ်ခါတစ်ရံ ရွှေကျင်သား အပေါ်တွင် ကလေးလေး တစ်ယောက်လို ဆိုးတက်၍ ရွှေကျင်သား သည်လည်း ဧပရယ်ချစ်သူအပေါ် လူကြီးတစ်ယောက်လို ဆုံးမ၍ တစ်ခါတစ်ရန် ချစ်သူအား အနိုင်ယူတက်သည်။
No comments:
Post a Comment